ရှကီရာက ပီကေးနဲ့ ပြတ်စဲထားတာပါ။

စပိန်ဂန္တဝင်ဂိုးသမားကြီး ကာဆီးလက်စ်ဟာ ကိုလံဘီယာအဆိုတော် ရှကီရာနဲ့ ချိန်းတွေ့နေတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ် ဒေါသတကြီးနဲ့ တုံ့ပြန်ခဲ့ပါတယ်။ ရှကီရာဟာ ကာဆီးလက်စ်ရဲ့ စပိန်လက်ရွေးစင်အသင်းဖော်ဟောင်း ပီကေးရဲ့ အဆက်ဟောင်းတယောက်ဖြစ်ပါတယ်။



ပြီးခဲ့တဲ့လပိုင်းအတွင်းမှာ ပီကေးရဲ့ဖောက်ပြန်မှုကြောင့် ရှကီရာက အဆိုပါ ဘာစီလိုနာနောက်ခံလူနဲ့ လမ်းခွဲခဲ့ပြီး ကလေးအုပ်ထိန်းခွင့်အတွက်ပါ တရားရင်ဆိုင်ရမယ့် အနေအထားမျိုးဖြစ်နေပါတယ်။ ဒီကြားထဲမှာ ပီကေးကလည်း အခြားသောကောင်မလေးနဲ့ တွဲခုတ်နေတယ်လို့ သတင်းထွက်ပေါ်ခဲ့သလို ရှကီရာရဲ့ အချစ်ရေးအတွက်လည်း သတင်းမျိုးစုံ ထွက်ပေါ်ခဲ့ပါတယ်။

ဒီအထဲမှာ ကာဆီးလက်စ်နဲ့ ရှကီရာတို့ တွဲခုတ်နေတယ်လို့ပါ အချို့သတင်းတွေက ဖော်ပြခဲ့ပြီး ဒီအပေါ်မှာ ကာဆီးလက်စ်က သူ့ရဲ့ အင်စတာဂရမ်ကတဆင့် တုံ့ပြန်ခဲ့ပါတယ်။ ကာဆီးလက်စ်က သူ့ရဲ့ အင်စတာဂရမ်စတိုရီမှာ ကောလာဟလသတင်းတွေရဲ့ Screenshot တွေကိုတင်ကာ “ကိုယ့်နှာခေါင်းကိုယ်လည်း ပြန်စမ်းကြည့်ကြပါဦး။ ဘုရားသခင်...” လို့ ရေးသားခဲ့ပြီး ငြင်းဆန်ပယ်ချခဲ့တာဖြစ်ပါတယ်။

ကာဆီးလက်စ်ဟာလည်း အားကစားဂျာနယ်လစ်တယောက်ဖြစ်တဲ့ ဆာရာကာဘိုနီရိုနဲ့ ကွာရှင်းပြတ်စဲထားသူတယောက်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ အိမ်ထောင်သက် (၅) နှစ်ကြာ ဖြတ်သန်းခဲ့ကြပြီး ရင်သွေးနှစ်ယောက်လည်း ထွန်းကားခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း မီဒီယာတွေက ကာဆီးလက်စ်နဲ့ ရှကီရာတို့ရဲ့ သတင်းကို ချိန်သားကိုက် လောင်စာပေးခဲ့ကြတယ်လို့ ယူဆနိုင်ပါတယ်။

ပီကေးနဲ့ ကာဆီးလက်စ်တို့နှစ်ယောက်ဟာ စပိန်ရွှေရောင်မျိုးဆက်တခေတ်ရဲ့ အစိတ်အပိုင်းတွေအဖြစ် အကောင်းဆုံး ခြေစွမ်း၊ လက်စွမ်းပြခဲ့ကြသူတွေပါ။ (၂၀၀၈) နဲ့ (၂၀၁၂) မှာ ယူရိုချန်ပီယံဆုကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့သလို (၂၀၁၀) မှာလည်း ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် ကလပ်မှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာကစားသမားတွေအဖြစ် ဆယ်စုနှစ်တခုကျော်အကြာ ပြိုင်ဆိုင်မှုတွေ ပြင်းထန်ခဲ့ကြပါ


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က