ရော်နယ်ဒိုအတွက်တော့ ဒီရက်ပိုင်းတွေက ကံဆိုးနေတော့တာပါပဲ။

မနေ့က ကစားခဲ့တဲ့ အယ်လ်နာဆာနဲ့ အယ်လ်ဝါဒါပွဲရဲ့ ပထမပိုင်းအပြီးမှာ ရော်နယ်ဒိုတယောက် အရန်ခုံတန်းကို ရန်လုပ်ခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။ အဆိုပါပွဲရဲ့ ပထမပိုင်းအပြီးမှာပဲ အယ်လ်နာဆာတို့ ၁-၀ နဲ့ အရေးနိမ့်နေခဲ့တာဖြစ်ပြီး ပွဲချိန်ခေတ္တနားကာ အဝတ်လဲခန်းထဲ သွားချိန် ရော်နယ်ဒိုက အရန်ခုံတန်းဘက်ကို လှည့်ကာ စကားအော်ဟစ်ပြောဆိုမှုတချို့ကို ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။ 

ရော်နယ်ဒိုဟာ စိတ်ပျက်လက်ပျက်နဲ့ ကွင်းပြင်ကို ထွက်လာခဲ့ချိန်မှာလည်း ခေါင်းတခါခါနဲ့ ဖြစ်နေခဲ့ပါတယ်။ ဆော်ဒီဘုရင့်ဖလား ဆီမီးဖိုင်နယ်ပွဲဖြစ်ပြီး အနိုင်ရတာနဲ့ ဗိုလ်လုပွဲကို တက်ရောက်နိုင်ကာ ဆုဖလားတလုံးမျှော်လင့်နိုင်တော့မယ့် အခြေအနေမှာ အသင်းက စိတ်ပျက်ဖွယ်ရာ ခြေစွမ်းနဲ့အတူ အရေးနိမ့်နေခဲ့လို့ ရော်နယ်ဒိုတယောက် စိတ်ပျက်နေခဲ့ဟန်ရှိပါတယ်။ 



ဒါပေမယ့်လည်း အရန်ခုံတန်းဘက်ကိုလှည့်ကာ အခုလိုမျိုးတွေ ပြောဆိုခဲ့တာက ရှုံးမဲမဲတယ်ဆိုပြီး တချို့က စွပ်စွဲနေကြပါတယ်။ သူ့ရဲ့ အပြုအမူအပေါ်မှာ အမြင်အမျိုးမျိုးကွဲပြားနေခဲ့ပြီး တချို့ကတော့ ရော်နယ်ဒိုရဲ့ နိုင်လိုစိတ်ပြင်းပြမှုက ဒီလိုတွေ ဖြစ်စေခဲ့တာလို့ ကာကွယ်ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။ 



အများစုကတော့ ရော်နယ်ဒိုက ရက်သတ္တပတ်တိုင်းမှာ ဒေါသထွက်နေပြီး ဒီလိုတွေမြင်တွေ့နေရတာက မကောင်းဘူးလို့ ဆိုပါတယ်။ ရော်နယ်ဒိုက ပြီးခဲ့တဲ့ ပွဲတုန်းကလည်း ပြိုင်ဘက်ကို စမတ်ဒေါင်းကွက်နဲ့ ဆွဲလှဲခဲ့လို့ အဝါကတ်ပြခံခဲ့ရသေးပြီး ဒီနောက်ပိုင်းတွေမှာ သူ့ကို စိတ်တို၊စိတ်ဆတ်တဲ့ဟန်မျိုးနဲ့ ခဏခဏတွေ့နေရတာကတော့ အမှန်ပါပဲ။ 

အယ်လ်နာဆာအတွက် သူက ပြိုင်ပွဲစုံ ၁၄ ပွဲကစားပေးထားပြီး ၁၁ ဂိုးသွင်းကာ ၂ ကြိမ်ဖန်တီးပေးထားလို့ မဆိုးလှဘူးလို့ ပြောရမှာပါ။ ဒါပေမယ့် အသင်းနဲ့ဆုဖလားရယူနိုင်ဖို့ မျှော်လင့်ချက်တွေကတော့ နည်းပါးနေပြီး နောက်ဆုံးမျှော်လင့်စရာက အမှတ်ပေးဖလားသာရှိတော့ကာ အယ်လ်ဟီတီဟက်ထက် တပွဲပိုကစားပြီး ၃မှတ်နည်းပါးနေလို့ ရုန်းကန်ရဦးမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က