ဒီလိုဖိအားမျိုးတွေကိုမှ ကိုင်တွယ်ချင်တာလို့ ဆိုခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ပွဲမှာ ချယ်လ်ဆီးက အောက်အသင်းအဖြစ်နဲ့ ကစားရမယ့်အပေါ်မှာ သူ ပျော်ရွှင်မိတယ်လို့ လမ်းပတ်က ပြောဆိုလိုက်ပါတယ်။ ဒီနေ့ပွဲမှာ ရီးရဲလ်က အနိုင်ယူသွားမယ်လို့ ရေပန်းစားနေတာဖြစ်ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်ဖို့အထိပါ ခန့်မှန်းထားကြတာဖြစ်ပါတယ်။ 

လမ်းပတ်ကတော့ ချယ်လ်ဆီးကို တကျော့ပြန်ရောက်ရှိလာချိန်မှာ ပထမဆုံးပွဲကို ၀ုလ်နဲ့ကစားရပြီး အရေးနိမ့်ခဲ့ပါတယ်။ ဒီအတွက် လမ်းပတ်အပေါ်လည်း ပရိသတ်တွေ ယုံကြည်မှုနည်းပါးနေကာ ဒီနေ့ပွဲအတွက် စိုးရိမ်နေကြပါတယ်။ ဒါပေမယ့် လမ်းပတ်ကတော့ သူ့အသင်းရဲ့ လက်ရှိအနေအထားအပေါ်မှာ ကျေနပ်ပျော်ရွှင်နေပါတယ်။ 

လမ်းပတ်က "ပရီးမီးယားလိဂ်က ကမ္ဘာပေါ်မှာ စိန်ခေါ်မှုအများဆုံးလိဂ်တခုပါ၊ အဲဒီစိန်ခေါ်မှုတွေက ကျနော်တို့အသင်းကို မရောက်ချင်တဲ့နေရာကို ရောက်သွားစေခဲ့တယ်ဆိုတာ ထင်ရှားပါတယ်၊ တခါတလေမှာ ချန်ပီယံလိဂ်က အဲဒီကနေ လွတ်မြောက်မှုနည်းနည်းပေးတယ်လို့ ထင်ပါတယ်၊ မတူညီတဲ့ ပွဲအမြန်နှုန်း၊ အလဲထိုးတဲ့ပွဲတေ၊ ဒါတွေက တရာသီတည်းမှာ မတူညီတဲ့ အောင်မြင်မှုတွေရဖို့အထောက်အကူပ​ေးပါတယ်

"ဒီနေ့ပွဲကတော့ နှစ်သင်းစလုံးရဲ့ ကြီးကျယ်ခမ်းနားမှုကြာင့် ဖိအားတွေရှိနေပါတယ်၊ ရီးရဲလ်မက်ဒရစ်က ရေပန်းစားလားဆိုရင် ဟုတ်ပါတယ်၊ ဒါပေမယ့် ဒါတွေကိုမှားယွင်းကြောင်းလည်း သက်သေပြနိုင်ပါတယ်၊ ဒါက ကျနော်တို့အတွက် ကောင်းမွန်တဲ့ စိန်ခေါ်မှုတခုပါပဲ၊ ဖိအားတွေကို ကျနော်စိတ်မပူပါဘူး၊ ဒီအဆင့်မှာတော့ ဖိအားတွေရှိမှာပဲ ဒါကို မကိုင်တွယ်နိုင်ရင် အသင်းကြီးမဟုတ်သလို ကစားသမားကောင်းတွေလည်း ဖြစ်မှာမဟုတ်ပါဘူး" လို့ ပြောဆိုခဲ့ပါတယ်။ 

ချယ်လ်ဆိးဟာ ပရီးမီးယားလိဂ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်နေရာနဲ့ ၁၇ မှတ် ကွာဟနေပြီး နောက်ရာသီဝင်ခွင့်ရဖို့အတွက်ဆိုရင် ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့လိုအပ်နေပါတယ်။ 

Share

Loading Next Article...
က္က