အယ်လ်နာဆာတို့ အနီးကပ်ပြိုင်ဘက်ကို ရှုံးနိမ့်ခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ဆော်ဒီလိဂ်ပွဲစဉ်မှာ အဓိကပြိုင်ဘက် အယ်လ်အီတီဟတ်အသင်းကို အယ်လ်နာဆာတို့ ၁-၀ နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ ဒီရှုံးပွဲကြောင့် အယ်လ်နာဆာဟာ အဆင့် ၂နေရာကို ဆင်းပေးလိုက်ရပြီး အမှတ်ပေးဖလားအတွက်

ပြိုင်ဘက်က အခွင့်အရေးကောင်းရရှိသွားကာ ရော်နယ်ဒိုတယောက် ဆော်ဒီပထမဆုံးရာသီမှာပဲ ဆုဖလားလက်မဲ့ဖြစ်မယ့်အရေးနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ 

မနေ့ကပွဲမှာလည်း ရော်နယ်ဒိုတယောက် ဂိုးပေါက်ပျောက်ခဲ့ပြီး ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ အသင်းရှုံးပွဲတွေ့ခဲ့ပြီးနောက် ရော်နယ်ဒိုက တော်တော်လေးဒေါသထွက်နေခဲ့ပြီး သူ့ကို အသင်းဖော်တွေက ဝိုင်းပြီးဖြောင်းဖြနေခဲ့ရပါတယ်။ ဒါပေမယ့် ကွင်းပြင်ကိုထွက်လာချိန်မှာ ရော်နယ်ဒိုတယောက် ရေဗူးတွေကို ကန်ကျောက်ပစ်ခဲ့တဲ့အထိ လုပ်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ 



အယ်လ်နာဆာပရိသတ်တွေကတော့ ရော်နယ်ဒိုရဲ့ နာမည်ကို အော်ဟစ်ကာ အားပေးခဲ့ပေမယ့် ဒေါသထွက်နေတဲ့ ရော်နယ်ဒိုကတော့ ဒါကို ဂရုမစိုက်နိုင်အားခဲ့ပါဘူး။ တော်တော်လေးပေါက်ကွဲနေဟန်ရှိနေခဲ့ကာ ဒေါသတကြီးနဲ့ ကွင်းထဲကနေ ထွက်သွားခဲ့ပြီး ရှုံးပွဲအတွက် သူ ဘယ်လောက်ထိခံစားရလဲဆိုတာကို ပြသသွားခဲ့ပါတယ်။ 



ဆော်ဒီတလတာအကောင်းဆုံးကစားသမားဆုကိုရပြီးနောက် ရော်နယ်ဒိုတယောက် ၂ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့တာလည်းဖြစ်ပါတယ်။ ပွဲချိန်တွင်းမှာ ပုံစံကောင်းတချို့ပြသနိုင်ခဲ့တာကလွဲရင် ရော်နယ်ဒို ဘာမှမလုပ်ပြနိုင်ခဲ့ဘဲ အသင်းကို ကယ်တင်ပေးဖို့လည်း မစွမ်းသာနိုင်ခဲ့ဘဲရှိခဲ့ကာ ဒီအပေါ်မှာ ပေါက်ကွဲခဲ့တယ်လို့တော့ ယူဆရပါတယ်။ 

လက်ရှိမှာ အယ်လ်အီတီဟတ်က ၄၇ မှတ်နဲ့ ထိပ်ဆုံးမှာရှိနေပြီး အယ်လ်နာဆာက ၄၆ မှတ်နဲ့ ဒုတိယ၊ အယ်လ်ရှာဘတ်တက ၄၃ မှတ်နဲ့ တတိယနေရာမှာရှိနေပြီး ဆုဖလားအတွက် အသင်း ၃ သင်း အပြိုင်ဖြစ်နေပါတယ်။ 

Share

Loading Next Article...
က္က