ပွဲပြီးပြီးမှာ ပြောဆိုခဲ့တာပါ။

ယူနိုက်တက်အတွက် ပြိုင်ပွဲစုံနောက်ဆုံးလေးပွဲမှာ သုံးပွဲအထိရှုံးနိမ့်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာတော့ ပထမဆုံးရှုံးပွဲဖြစ်ခဲ့ကာ အသင်းခြေစွမ်းနဲ့ပတ်သက်ပြီးတော့လည်း ပရိသတ်တွေစိုးရိမ်မှုတွေရှိလာခဲ့ကြပါတယ်။

 

ဗီလာကို အိမ်ကွင်းမှာပဲ အရေးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက်တိုက်စစ်မှူးရော်နယ်ဒိုဟာ အသင်းအတွက် ပါဝင်ကစားပေးတဲ့့ပွဲတိုင်းမှာ ဂိုးသွင်းထားနိုင်တဲ့ စံချိန်ပျက်စီးသွားခဲ့ရပါတယ်။ ယူနိုက်တက်အတွက် ဒီပွဲမတို်င်ခင်မှာ ၃ပွဲကစားပေးထားပြီး ၃ပွဲစလုံးဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် လေးပွဲဆက်တိုက်ဂိုးရဖို့အတွက် မျှော်လင့်ခဲ့ကြပေမယ့် ပေါ်တူဂီတိုက်စစ်မှူးဟာ ဂိုးပေါက်ပျောက်ခဲ့ရသလို အသင်းကလည်း ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ 

ပွဲပြီးခါနီးမှာ ယူနိုက်တက်တို့ ပင်နယ်တီရရှိခဲ့ပေမယ့်လည်း ရော်နယ်ဒိုကန်သွင်းခဲ့ခြင်းမရှိဘဲ အသင်းဖော်ဖာနန်ဒက်စ်က တာဝန်ယူခဲ့ရာမှာ မိုးပေါ်ထောင်ကန်မိခဲ့လို့ အရေးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံနောက်ဆုံးလေးပွဲမှာ သုံးပွဲအထိရှုံးနိမ့်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်မှာတော့ ပထမဆုံးရှုံးပွဲဖြစ်ခဲ့ကာ အသင်းခြေစွမ်းနဲ့ပတ်သက်ပြီးတော့လည်း ပရိသတ်တွေစိုးရိမ်မှုတွေရှိလာခဲ့ကြပါတယ်။ 

ဒါပေမယ့်လည်း ပွဲအပြီးမှာ ရော်နယ်ဒိုက သူ့ရဲ့လူမှုကွန်ရက်တွေကတဆင့် "ဒါက အစပဲရှိပါသေးတယ်၊ ဒါပေမယ့်လည်း ပရီးမီးယားလိဂ်လို်မျိုး ပြိုင်ဆိုင်မှုအားကောင်းပြီး တောင့်တင်းတဲ့လိဂ်မှာ ရမှတ်တိုင်းက အရေးကြီးပြီး ထည့်သွင်းပေါင်းမှတ်နေရမှာပါ၊ ဒီရှုံးပွဲကို ငါတို့ချက်ချင်းတုံ့ပြန်ပြနိုင်ဖ်ို့လိုအပ်တယ်၊ ငါတို့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ငါတို့ရဲ့စစ်မှန်တဲ့ အစွမ်းသတ္တိကိုပြသရမယ်" လို့ ရေးသားပြောဆိုခဲ့ကာ အသင်းသားတွေကို အားပေးခဲ့ကြပါတယ်။ 

ရော်နယ်ဒိုဟာ ဘရူနိုဖာနန်ဒက်စ်ပင်နယ်တီလွဲချော်ချိန်မှာလည်း အရင်ဦးဆုံးသွားရောက်ကာ အားပေးနှစ်သိမ့်ခဲ့သူဖြစ်ပါတယ်။ ပင်နယ်တီကန်သွင်းဖို့အတွက် ရော်နယ်ဒိုနဲ့ ဘရူနိုတို့ ရှိနေခဲ့ကြပြီး ဘရူနိုက တာဝန်ယူခဲ့တာဖြစ်ပါတယ်။ နည်းပြဆိုးလ်ရှားကတော့ ပင်နယ်တီကန်သွင်းဖို့အတွက် နောက်ပွဲတွေမှာ ဘယ်သူ့ကိုတာဝန်ပေးမလဲဆိုတဲ့မေးခွန်းကို ပြတ်ပြတ်သားသားပြောဆိုခဲ့ခြင်းမရှိဘဲ သူတို့နှစ်ဦးစလုံးက ကန်သွင်းယူမှုအကောင်းဆုံးတွေဖြစ်တယ်လို့သာ ဖြေကြားခဲ့ကြောင်း L'equipe က ဖော်ပြခဲ့ပါတယ်။

Share

က္က