အတ္တလန်တာက လှောင်ပြောင်ခဲ့တာပါ။

တနင်္ဂနွေနေ့ မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ အတ္တလန်တာနဲ့ အင်တာမိုင်ယာမီတို့ရဲ့ မေဂျာလိဂ်ပွဲစဉ်မှာ မက်ဆီက ပါဝင်ကစားခြင်းမရှိဘဲ အနားရရှိခဲ့ပါတယ်။ ဒီပွဲမှာ မက်ဆီမပါဝင်တဲ့ အင်တာမိုင်ယာမီက အတ္တလန်တာကို အဝေးကွင်းမှာ ၅-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။



ဒီပွဲကစားနေချိန်မှာ မက်ဆီက သူ့အိမ်မှာ ပီဇာမှာစားနေတဲ့ပုံရိပ်တွေကို ဆိုရှယ်မီဒီယာကတစ်ဆင့် မျှဝေခဲ့ပါတယ်။ မက်ဆီရဲ့ ပီဇာမှာ ဘယ်လိုမျိုး ဆော့စ်တွေမှ မပါဝင်ဘဲ ခရမ်းချဉ်သီးတွေနဲ့သာ အဓိကဦးတည် မွမ်းမံထားတာကို မြင်တွေ့ခဲ့ရပါတယ်။

အဲ့ဒါကြောင့်လည်း ပွဲအပြီးမှာတော့ အတ္တလန်တာက သူတို့ရဲ့ တရားဝင်ဆိုရှယ်မီဒီယာကတစ်ဆင့် ပီဇာပုံတစ်ခုနဲ့အတူ မက်ဆီကို လှောင်ပြောင်ခဲ့ပါတယ်။ အတ္တလန်တာတို့ တင်ထားခဲ့တဲ့ ဓာတ်ပုံမှာ ခရမ်းချဉ်သီးတွေကို ပီဇာချပ်ပေါ်မှာ “L” ပုံစံ စီထားခဲ့ပြီး ဒီ L က Loss ဆိုတဲ့အရှုံးကို ကိုယ်စားပြုတဲ့ L လည်းဖြစ်ပါတယ်။


ဒါ့အပြင် “ဒါတွေက မင်းရဲ့ခရီးအတွက် ပီဇာပါ” လို့လည်း ကပ်ရှင်ရေးသား လှောင်ပြောင်ခဲ့ပါသေးတယ်။ အင်တာမိုင်ယာမီဟာ မက်ဆီမပါဝင်တဲ့ ပွဲတွေမှာ ရလဒ်ကောင်းရရှိဖို့ ရုန်းကန်နေရပြီး အခု အတ္တလန်တာနဲ့ပွဲမှာလည်း ရှုံးပွဲကြုံတွေ့ခဲ့ကာ မက်ဆီပါ တစ်ခါတည်း လှောင်ပြောင်ခံခဲ့ရတာဖြစ်ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ အင်တာမိုင်ယာမီကို ရောက်ရှိလာခဲ့တဲ့ ကစားသမားဖြစ်ပြီး အင်တာမိုင်ယာမီအတွက် ပြိုင်ပွဲစုံမှာ (၁၁) ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၅) ကြိမ် ပြုလုပ်ပေးထားနိုင်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က