ဗာရန်းရော၊ အီဗန်စ်ရော ချဲလ််ဆီးနဲ့ပွဲမှာ နာသွားခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့ပွဲမှာ ဧည့်သည်ယူနိုက်တက်တို့ ၄-၃ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်က ၂-၃ ဂိုးနဲ့ မိနစ်​(၉၀) ရဲ့ နာကျင်အချိန်ပို (၁၀) မိနစ်အထိ ဦးဆောင်နိုင်ခဲ့တာပါ။​



ဒါပေမယ့်လည်း ကိုးလ်ပါးလ်မားရဲ့ နောက်ဆုံးမိနစ် ပင်နယ်တီသွင်းဂိုး၊ အနိုင်ဂိုးတို့ကို ခွင့်ပြုလိုက်ရတာကြောင့် အခုလိုမျိုးပဲ ရှုံးပွဲကြုံတွေ့ခဲ့ရတာပါ။ ယူနိုက်တက်အတွက်ကတော့ ပရီးမီးယားလိဂ် အဝေးကွင်းမှာ နှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ရတာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်နဲ့ အလှမ်းဝေးသွားခဲ့ပါပြီ။

ဒီ့ထက်ပိုဆိုးတဲ့အချက်ကတော့ အဓိကနောက်ခံလူ ဗာရန်း ဒဏ်ရာရရှိခဲ့တာပါပဲ။ ဗာရန်းဟာ ဒဏ်ရာပြဿနာကြောင့် ပထမပိုင်းအပြီးမှာတင် ဝါရင့် နောက်ခံလူကြီး ဂျွန်နီအီဗန်စ်နဲ့ လူစားလဲခဲ့ရပါတယ်။ ဒါပေမယ့် ဒဏ်ရာပြဿနာက ဒီလောက်နဲ့တင် မပြီးသွားသေးပါဘူး။​

အီဗန်စ်ပါ ဒဏ်ရာထပ်ရသွားခဲ့တာကြောင့် လူငယ်နောက်ခံလူ ကမ်ဝါလာကို အဲရစ်တန်ဟက်ခ်က လူစားလဲထည့်သွင်းကစားခဲ့ရပါတယ်။ အဲ့ဒီမတိုင်ခင်မှာ ဝမ်ဘစ်ဆာကာတစ်ယောက် ဒဏ်ရာရသွားသလို ရှိခဲ့ပေမယ့် တကယ်တမ်းမှာတော့ အီဗန်စ်ကသာ ဒဏ်ရာရသွားခဲ့တာကြောင့် အခုလိုမျိုး လူစားလဲခဲ့ရတာပါ။

ယူနိုက်တက်ဟာ ဒီတစ်ပတ်အတွင်းမှာတင် လင်ဒီလော့ဖ်၊ မာတီနက်ဇ်တို့လို နောက်ခံလူတွေကို ဒဏ်ရာပြဿနာတွေကြောင့် ဆုံးရှုံးထားရတာပါ။ လီဆန်ဒရိုမာတီနက်ဇ်ဆိုရင် ဒဏ်ရာကနေ ပြန်လာတာ မကြာသေးပေမယ့် အခုလိုမျိုးပဲ နောက်ထပ် တစ်လ အနားယူခဲ့ရတာဖြစ်ပြီး လက်ရှိမှာ ဗာရန်း၊ အီဗန်စ်တို့ပါ ဒဏ်ရာထပ်ရသွားတာကြောင့် ယူနိုက်တက်နောက်တန်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ပါတယ်။

Share

Loading Next Article...
က္က