ပြင်သစ်နိုင်ငံ၊ ပါရီမြို့က လည်ပတ်စရာနေရာတွေကို တစ်စေ့တစ်စောင်းလေ့လာကြည့်ရအောင်ပါ။

အနုပညာ၊ ဖက်ရှင်၊ အစားအသောက်နဲ့ ယဉ်ကျေးမှုတွေ ကြွယ်ဝတဲ့ “ပါရီ”ဟာ သမိုင်းထဲက လှပတဲ့မြို့တစ်မြို့ဆိုရင်လည်း မမှားပါဘူး။ မြို့တော်ရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ အီဖယ်မျှော်စင်၊ Champs-Elysées နဲ့ စိန့်မြစ်တို့ဟာ လူအများအတွက် ရင်သပ်ရှုမောဖွယ်နေရာတွေအဖြစ် တည်ရှိနေပါတယ်။ "အနုပညာတွေထုံမွှန်းတဲ့မြို့" လို့ ပြောစမှတ်တွင်ကြတဲ့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့က လည်ပတ်စရာနေရာတွေကို တစ်စေ့တစ်စောင်းလေ့လာကြည့်ရအောင်ပါ။ 




သမိုင်းနဲ့ ယဉ်ကျေးမှုအမွေအနှစ်များ 



ပါရီမြို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက တည်ရှိနေခဲ့ပြီး သမိုင်းကြောင်းတစ်လျှောက်မှာ ရှည်လျားတဲ့အတိတ်ကို ဖြတ်သန်းခဲ့ဖူးကြောင်း သက်သေပြနေတဲ့ ပြယုဂ်တစ်ခုပါ။ မူလက တော်ဝင်နန်းတော်ဖြစ်တဲ့ Louvre ဟာ အခုအခါမှာ ကမ္ဘာ့အကြီးဆုံးအနုပညာပြတိုက်ဖြစ်လာပြီး Mona Lisa နဲ့ Venus de Milo အပါအဝင် အနုပညာလက်ရာထောင်ပေါင်းများစွာရဲ့ နေရာဖြစ်ပါတယ်။

ပြင်သစ်တော်လှန်ရေးကာလမှာ ပါရီမြို့ဟာ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ဥရောပသမိုင်းရဲ့ အရေးပါတဲ့ ဖြစ်ရပ်များစွာရဲ့ ဗဟိုချက်ဖြစ်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး လမ်းတွေထဲက တစ်ခုဖြစ်တဲ့ Champs-Elysées ဟာ တော်လှန်ရေးအတိတ်ကို အမှတ်ရနေစေပါတယ်။


ပါရီမြို့



ပါရီမြို့ဟာဆိုရင် ဇိမ်ခံဟိုတယ်တွေကနေ ချစ်စရာကောင်းတဲ့ ဆိုင်ခန်းတွေအထိ ကျယ်ပြန့်တဲ့နေရာထိုင်ခင်းတွေ ရှိလို့ တည်းခိုဖို့ အဆင်ပြေတဲ့မြို့ဖြစ်ပါတယ်။ ၁၉ရာစု မြို့ရှုခင်းကို ကျယ်ပြန့်တဲ့လမ်းမကြီးတွေနဲ့ စိန့်မြစ်က အလှဆင်ထားပါသေးတယ်။ ၁၂ရာစု Gothic Notre-Dame ဘုရားရှိခိုးကျောင်းနဲ့ အီဖယ်မျှော်စင်လို အထင်ကရနေရာတွေအပြင် ကော်ဖီဆိုင်တွေနဲ့ ကမ္ဘာကျော်အမှတ်တံဆိပ်ဆိုင်တွေကလည်း လူသိများကြပါတယ်။ 


Grand Palais



ဒီနေရာကတော့ Champs-Elysées နဲ့ စိန့်မြစ်ကြားမှာ ရှိတဲ့ သမိုင်းဝင်နေရာ၊ ပြပွဲခန်းမနဲ့ ပြတိုက်အဆောက်အအုံဖြစ်ပါတယ်။ ပါရီမြို့လယ်မှာရှိတဲ့ ခမ်းနားတဲ့နေရာတစ်ခုဖြစ်ပြီး ၁၉၀၀ ခုနှစ်များဆီမှာ‌တော့ ကမ္ဘာတစ်ဝန်းကျော်ကြားတဲ့ လည်ပတ်စရာတစ်ခု ဖြစ်ခဲ့ပါတယ်။ 


စိန့်မြစ်



စိန့်မြစ်ဟာဆိုရင် ပြင်သစ်နိုင်ငံ မြောက်ပိုင်းမှာရှိပြီး ၇၇၇ ကီလိုမီတာ ရှည်လျားတဲ့မြစ် ဖြစ်ပါတယ်။ မြစ်ရဲ့ ရေနုတ်မြောင်းဟာ ပြင်သစ်နိုင်ငံမြောက်ပိုင်း အများစုကို လွှမ်းခြုံထားပြီး ပါရီကိုဖြတ်လာကာ Le Havre ရှိ အင်္ဂလိပ်ရေလက်ကြားကို စီးဆင်းနေပါတယ်။


အီဖယ်မျှော်စင်



ပြင်သစ်ကိုသွားလည်မယ်ဆိုရင်တော့ ဒီကမ္ဘာကျော်နေရာကို ချန်ထားခဲ့လို့မရဘူးနော်။ မျှော်စင်အပေါ်ကိုတက်တာပဲဖြစ်ဖြစ်၊ ပျော်ပွဲစားထွက်တာပဲဖြစ်ဖြစ်၊ အီဖယ်မျှော်စင်ကတော့ မဖြစ်မနေကြည့်သင့်တဲ့ အရာပါ။ 


Louvre ပြတိုက် 



Mona Lisa နဲ့ မရေမတွက်နိုင်တဲ့ အနုပညာလက်ရာတွေ တည်ရှိတဲ့ Louvre ဟာ ကမ္ဘာ့အကြီးဆုံး သမိုင်းဝင်ပြတိုက်တစ်ခုဖြစ်ပါတယ်။ ပြတိုက်အရွယ်အစားအနေနဲ့လည်း Louvre သည် ကမ္ဘာပေါ်မှာ  အကြီးဆုံးဖြစ်ပြီး ပြပွဲနေရာ ၇၃,၀၀၀ စတုရန်းမီတာနီးပါးရှိပါတယ်။ နာမည်ဂုဏ်သတင်းအရဆိုရင်လည်း ရှေးခေတ်ကနေ ၁၉ ရာစုအထိ လက်ရာတွေထဲက အကောင်းဆုံးတစ်ခုပါပဲ။ 


ဖက်ရှင်နဲ့ ဈေးဝယ်သူတွေကို ဆွဲဆောင်ရာ 



ပါရီကို ကမ္ဘာရဲ့ ဖက်ရှင်မြို့တော်အဖြစ် သတ်မှတ်ထားပြီး ကမ္ဘာတစ်ဝှမ်းမှ ဒီဇိုင်နာများ၊ မော်ဒယ်များနဲ့ ဖက်ရှင်ဝါသနာရှင်များကို ဆွဲဆောင်တဲ့ အဓိကပွဲဖြစ်တဲ့ Paris Fashion Week ကို မြို့တော်မှာ ခမ်းခမ်းနားနား ကျင်းပတတ်ပါတယ်။ Rue Saint-Honoré ရှိ ဇိမ်ခံဆိုင်တွေနဲ့ Galeries Lafayette လိုမျိုး ခမ်းနားတဲ့ စတိုးဆိုင်တွေကလည်း ပါရီမှာ ဈေးဝယ်ထွက်ရတဲ့ အတွေ့အကြုံကို တစ်မျိုးတစ်ဖုံဆန်းသစ်စေမှာပါ။ 


သွားလာရေး 



ဘတ်စ်ကား၊ လျှပ်စစ်ရထားနဲ့ မြေအောက်ရထားအပါအဝင် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ဟာ ထိရောက်ပြီး ချိတ်ဆက်မှုကောင်းမွန်လို့ သွားလာရေးမှာ အင်မတန်လွယ်ကူပါတယ်။ 


ပြောဆိုဆက်သွယ်ရေး



ပါရီဟာ ကမ္ဘာလှည့်ခရီးသွားတွေ အလာများနေပေမဲ့လည်း အခြေခံပြင်သစ်စကားလုံးတချို့ကို သင်ယူထားတာက ပြောဆိုတဲ့အခါ ပိုလွယ်ကူစေမှာပါ။ "bonjour" (hello) ဒါမှမဟုတ် "merci" (ကျေးဇူးတင်ပါတယ်) ဆိုတဲ့ စကားလုံးတွေနဲ့တင် ပါရီမြို့ခံတွေနဲ့ ဆက်ဆံရတာ ချောမွေ့စေမှာ အမှန်ပဲနော်။ 


အစားအသောက်



ပဲရစ်သည် အစားအသောက်တွေရဲ့ နိဗ္ဗာန်ဘုံဖြစ်ပြီး အရသာရှိရုံတင်မကဘဲ အမြင်မှာလည်း လှပတဲ့ ပြင်သစ်ဟင်းလျာတွေကို စားသုံးကြည့်ပါ။ အချိုပွဲအတွက်ကိုတော့ အီကလဲ (éclairs) နဲ့ မက်ခရွန် macarons လိုမျိုး အကမ္ဘာကျော်မုန့်တွေကိုလည်း မြည်းစမ်းကြည့်နိုင်ပါတယ်။ 


ဒီလောက်ဆိုရင်တော့ ပါရီမြို့ကို ရောက်တဲ့အခါ လည်သင့်တဲ့နေရာတွေနဲ့ မြို့အကြောင်းကို နည်းနည်းလောက်သိသွားမယ်ထင်ပါတယ်။ ခရီးသွားချစ်သူတိုင်း တစ်ခါလောက်တော့ ရောက်ဖူးသင့်တဲ့ ဒီမြို့လေးက ရောက်ဖူးသူတိုင်းအတွက် စိတ်ကြည်နူးပျော်ရွှင်စရာအချိန်ကောင်းတွေကို ပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲ။ 


ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။





Share

Loading Next Article...
က္က