ရစ်ချာလီဆန်ဟာ နည်းပြ ကွန်တီလက်အောက်မှာ စိတ်ပျက်စရာအချိန်တွေကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

လီဗာပူးလ်ဂန္တဝင် ဂျေမီ ကာရေဂါက တော့တင်ဟမ်ဟော့စပါးကစားသမား ရစ်ချာလီဆန်ကို အပြောင်းအရွှေ့ဈေးကွက်မှာ စပါးစ်ရဲ့ ငွေကြေးဖြုန်းတီးမှု ဥပမာအဖြစ် မီးမောင်းထိုးပြခဲ့ပါတယ်။

အများစုကတော့ ဘရာဇီးလ်ကြယ်ပွင့်က အဲဗာတန်ကနေ ပြီးခဲ့တဲ့နွေရာသီမှာ ပေါင်သန်း ၆၀ နဲ့ စွန့်ခွာခဲ့တဲ့အချိန်မှာ ပိုမို ကောင်းမွန်တဲ့ ခြေစွမ်း ပြသနိုင်လိမ့်မယ်လို့ မျှော်မှန်းခဲ့ကြပေမယ့်လည်း ရစ်ချာလီဆန်ဟာ နည်းပြ ကွန်တီလက်အောက်မှာ စိတ်ပျက်စရာအချိန်တွေကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ တကယ်တော့ ရစ်ချာလီဆန်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက မာဆေးလ်ကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ယခုရာသီရဲ့ တစ်လုံးတည်းသော သွင်းဂိုးကို သွင်းယူခဲ့တာဖြစ်ပြီး ဘရာဇီးလ်ကြယ်ပွင့်ဟာ အေစီမီလန်ကို ရှုံးပြီး ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရတဲ့ပွဲအပြီးမှာ နည်းပြကွန်တီအပေါ် စိတ်ပျက်မှုကို ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

ပွဲကစားချိန်ကင်းမဲ့နေမှုအတွက် စိတ်ပျက်နေတဲ့ ရစ်ချာလီဆန်ဟာ အီတလီလူမျိုးနည်းပြရဲ့ နည်းဗျူဟာနဲ့ လူရွေးချယ်ပုံကို မေးခွန်းထုတ်ခဲ့တာဖြစ်ပြီး စပါးစ်ရဲ့ ရာသီက ချီးလိုမျိုးပဲလို့ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်ဂန္တဝင် ဂျေမီ ကာရေဂါက စပါးစ်နည်းပြ ကွန်တီအတွက် ကိုယ်ချင်းစာမိပြီး အီတလီလူမျိုးနည်းပြဟာ အပြောင်းအရွှေ့ဈေးကွက်မှာ အားပေးထောက်ခံမှုမျိုး မရရှိခဲ့ဘူးလို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

"စပါးစ်က ရာသီကြိုကို အာဆင်နယ်ရဲ့အထက်မှာ ရာသီပြီးဆုံးပြီး ဖြတ်သန်းခဲ့တယ်။ ပြီးတော့ သူတို့တွေ ရစ်ချာလီဆန်အတွက် ပေါင်သန်း ၆၀ ပေးခဲ့တယ်။ ဘရာဇီးလ်အတွက် ကျောနံပါတ် ၉ အဖြစ် ကစားပေးနေတဲ့သူကို အရန်သင့်သုံးလို့ရတဲ့ကစားသမားဖြစ်လာဖို့ ခေါ်ယူခဲ့တယ်။ အာဆင်နယ်က သူ့ရဲ့ လက်ရွေးစင်အသင်းဖော် ဂါဘရီယဲလ် ဂျေဆူးစ်ကို ပေါင် ၄၅ သန်းနဲ့ ခေါ်ယူသွားခဲ့တယ်။ ဘယ်သူက ပိုပြီးပါးနပ်တဲ့ ဝယ်ယူမှုလုပ်နိုင်ခဲ့တာလဲ။ စပါးစ်က ဆိုးရွားတဲ့ ဘောလုံးဆုံးဖြတ်ချက်တွေနဲ့ စွမ်းဆောင်ရည်တွေကြောင့် အာဆင်နယ်ရဲ့ နောက်မှာ ပြတ်ကျန်ခဲ့တာပါ။ ရင်းနှီးမြှုပ်နှံမှုမရှိခဲ့လို့ မဟုတ်ပါဘူး"လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က