ချဲလ်ဆီးတို့ ဆောက်သမ်တန်ကွင်းမှာ ဂိုးမိုးရွာခဲ့တာပါ။

နောက်ပိုင်းပွဲမှာ ကစားပုံ လျော့တိလျော့ရဲနဲ့ ဆောက်သမ်တန်တို့ ဒီပွဲမှာတော့ မရှုမလှခံစားလိုက်ရတာပါ။ အမ်းစထရောင်း၊ ချီအဒမ်စ်၊ ဝက်ဒ်ပရော့စ်၊ လစ်ဗရာမန်တို၊ ဘာနာရက်ခ်တို့နဲ့ လူစုံတက်စုံပါဝင်ခဲ့ပေမယ့် ချဲလ်ဆီးကို ဘယ်လိုမှမယှဥ်နိုင်ခဲ့ဘဲ ပထမပိုင်းမှာတင် လေးဂိုးပြတ်ရှုံးခဲ့ပါတယ်။



နောက်ဆုံးနှစ်ပွဲဆက် ဘရန့်ဖို့ဒ်၊ ရီးရဲလ်မက်ဒရစ်တို့ကို အိမ်ကွင်းမှာတင် ဂိုးပြတ်ရှုံးခဲ့တဲ့ ချဲလ်ဆီးက ဒီပွဲမှာတော့ လုံးဝအမှားခံဖို့ စိတ်ကူးမရှိပါဘူး။ ရီးရဲလ်နဲ့ ဒုတိယအကျော့ အဝေးကွင်းပွဲရှိနေပေမယ့် လူစုံပွဲထွက်ခဲ့ပါတယ်။ မန်ဒီ၊ သီယာဂိုဆေးလ်ဗား၊ ခရစ္စတန်ဆန်၊ ရူဒီဂါ၊ ကိုဗာဆစ်၊ လော့ဖ်တပ်ချိခ်၊ ကန်တေ၊ အလွန်ဆို၊ မေဆင်မောင့်၊ ဗာနာ၊ ဟာဗက်ဇ်တို့ ပွဲထွက်ခဲ့ပါတယ်။

ပထမပိုင်း မိနစ် (၃၀) အတွင်းမှာတင် ချဲလ်ဆီးတို့ လေးဂိုးပြတ်နဲ့ ဦးဆောင်ခဲ့တာပါ။ မေဆင်မောင့် ဧရိယာထဲမှာ အပိုင်ချပေးလိုက်တဲ့ ဘောလုံးကို အလွန်ဆိုက အပိုင်ကန်သွင်းပြီး ချဲလ်ဆီးအတွက် အဖွင့်ဂိုးရရှိခဲ့ပါတယ်။ ဒုတိယဂိုးကိုတော့ မေဆင်မောင့် ကိုယ်တိုင်က ဧရိယာထိပ်ကနေ ကန်သွင်းပြီး ရယူခဲ့ပါတယ်။

(၂၁) မိနစ်မှာ တန်ပြန်တိုက်စစ်ကတဆင့် ရလာတဲ့ ဘောလုံးကို ဗာနာက ကွင်းလယ်ကနေ တောက်လျှောက်ဆွဲပြေးသွားပြီး ဆောက်သမ်တန်ဂိုးသမား ဖော်စတာကိုပါ လိမ်ခေါက်သွင်းယူသွားခဲ့တာပါ။ အဲ့ဒီနောက် ဗာနာ ဆောက်သမ်တန်နောက်ခံလူ သုံးယောက်လောက်ကို လိမ်ခေါက်ပြီး ကန်သွင်းချက် တိုင်ထိထွက်လာတာကို ဟာဗက်ဇ်က ပိတ်သွင်းခဲ့ပါတယ်။

ပထမပိုင်းမှာ ချဲလ်ဆီးတို့ လေးဂိုးနဲ့ကျေနပ်ခဲ့ရပြီး ဒုတိယပိုင်းစပြီး (၁၀) မိနစ်မပြည့်ခင်မှာတင် နောက်ထပ်နှစ်ဂိုး ထပ်သွင်းခဲ့ပါတယ်။ ကန်တေရဲ့ ကန်ချက်က ဂိုးသမား ပုတ်ထုတ်လို့ ပြန်ထွက်လာတာကို ဗာနာက ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲ လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းခဲ့ပါတယ်။

နောက် (၅) မိနစ်အကြာမှာ မေဆင်မောင့်က အဆင့်ဆင့်ပိတ်သွင်းပြီး ချဲလ်ဆီးအတွက် (၆) ဂိုးမြောက်သွင်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သွင်းဂိုးတွေ ထပ်မံမမြင်တွေ့ရတော့ဘဲ ချဲလ်ဆီးတို့ အဝေးကွင်းမှာ ဂိုးဒါဇင်ဝက်နဲ့အတူ နိုင်ပွဲပြန်ရှာတွေ့ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က