အမ်ဘာပေ၊ ပီရက်ဇ်တို့နဲ့ပတ်သက်လို့ ဖွင့်ဟခဲ့တာပါ။

လာလီဂါဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဟာဗီယာတီဘက်စ်က လာမယ့်ရာသီ လာလီဂါမှာ အမ်ဘာပေကို မြင်တွေ့ခွင့်ရဖို့ (၇၀) ရာခိုင်နှုန်းလောက် သေချာကြောင်း ပြောကြားလိုက်ပါတယ်။ အမ်ဘာပေဟာ လက်ရှိဘောလုံးရာသီအကုန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာပါ။



ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ် နွေရာသီကတည်းက အမ်ဘာပေတစ်ယောက် ရီးရဲလ်မက်ဒရစ်ကို ရောက်လာဖို့ နီးစပ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အဆိုပါပြင်သစ်ကြယ်ပွင့်က နောက်ဆုံးအချိန်ရောက်မှ ပီအက်စ်ဂျီနဲ့ (၂) နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

အဆိုပါ စာချုပ်မှာ နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့် ပါရှိပေမယ့် အမ်ဘာပေကတော့ ဒါကို သက်တမ်းမတိုးဘဲ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေပါတယ်။ တီဘက်စ်ကလည်း “အမ်ဘာပေကိစ္စနဲ့ ပတ်သက်လို့ အေးအေးဆေးဆေးပဲရှိပါတယ်။ ဒါပေမယ့် ဒါက သူ့ရဲ့ကံကြမ္မာပါပဲ။ ဒါ သေချာပါတယ်”

“ကျွန်တော့်အထင် လာမယ့်ရာသီ လာလီဂါမှာ သူ့ကို မြင်တွေ့ခွင့်ရဖို့ (၇၀) ရာခိုင်နှုန်း ဒါမှမဟုတ် (၈၀) ရာခိုင်နှုန်းလောက်ရှိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ သတင်းတွေအရလည်း ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေကို ခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေးအရ အကြိုသဘောတူညီမှု ရရှိထားပြီးပြီလို့ သိရှိရပါတယ်။

ဒါ့အပြင် ရီးရဲလ်မက်ဒရစ်ဥက္ကဌကြီး ဖလော်ရန်တီနိုပီရက်ဇ် ဦးစီးကျင်းပဖို့ ပြင်ဆင်နေတဲ့ ဥရောပစူပါလိဂ်နဲ့ ပတ်သက်လို့လည်း တီဘက်စ်က “ပီရက်ဇ်ကြီးက ဘယ်တုန်းကမှ မရှုံးဖူးတဲ့လူမျိုးပါ။ ဘယ်အရာကိုမှ သူမရှုံးဖူးပါဘူး” လို့ ပြောကြားခဲ့ပြီး စူပါလိဂ် လက်တွေ့ဖြစ်လာနိုင်ကြောင်း အရိပ်အမြွက် ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က