ဒီနေ့ချက်ချင်း အောင်ပွဲခံအခမ်းအနားကို ကျင်းပမှာပါ။

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက သူ့အသင်းအနေနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲပြီးတဲ့နောက် အိပ်ဦးမှာ မဟုတ်ဘဲ အောင်ပွဲခံဦးမှာလို့ ပြောကြားသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ သူတို့အတွက် (၁၅) ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့တာပါ။



အန်ဆယ်လော့တီကလည်း သူ့ရဲ့နည်းပြဘဝအတွက် (၅) ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အဆိုပါ အီတလီလူမျိုးနည်းပြကြီးက ချန်ပီယံလိဂ်မှာ အအောင်မြင်ဆုံးနည်းပြ စံချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။


ပွဲအပြီးမှာ အန်ဆယ်လော့တီက “ဒါက အိပ်မက်မဟုတ်တဲ့ အိပ်မက်တစ်ခုပါပဲ။ လက်တွေ့ဆန်တဲ့အရာပါ။ ခက်ခဲတဲ့ပွဲတွေက ဒီလိုပါပဲ။ ပထမပိုင်းမှာ ဒေါ့မွန်က ပိုကောင်းခဲ့ပြီး ဒုတိယပိုင်းမှာ ကျွန်တော်တို့က ပိုကောင်းခဲ့ပါတယ်။ ဒါပေမယ့် ဖိုင်နယ်တွေကတော့ ဒီလိုပါပဲ”

“ကျွန်တော်တို့ ဖလားရခဲ့တဲ့အတွက် တကယ်ကို ပျော်ရွှင်ရပါတယ်။ ဒီအသင်းရဲ့ သမိုင်းကြောင်း၊ အစဉ်အလာ၊ ကစားသမားတွေကြောင့် မိသားစုလို ဖြစ်နေပါတယ်။ ကျွန်တော်တို့မှာ အံ့အားသင့်ဖွယ်​ ပတ်ဝန်းကျင်ရှိပြီး ဘာပြဿနာမှမရှိဘဲ အလုပ်အတူတူလုပ်နိုင်ပါတယ်။ ကစားသမားတွေမှာ ဘာမာနမှမရှိဘဲ တကယ်ကို နှိမ့်ချဆက်ဆံကြပါတယ်”

“ဒီတော့ ဒီလူစာရင်းကို ဒီရာသီမှာ ထိန်းကျောင်းရတာ ဘာအခက်အခဲမှ မရှိခဲ့ပါဘူး။ ကျွန်တော်တို့ အိပ်ဦးမှာ မဟုတ်ပါဘူး။ သေချာပေါက် အောင်ပွဲခံဦးမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဒီနေ့မှာပဲ ချန်ပီယံလိဂ်ဆုဖလားကြီးနဲ့အတူ မက်ဒရစ်မြို့တွင်း အောင်ပွဲခံသွားမယ်လို့ သိရှိရပါတယ်။  

Share

Loading Next Article...
က္က