အနိုင်ယူပစ်မယ်လို့လည်း သူက ကြုံးဝါးခဲ့ပါတယ်။

မန်စီးတီးအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဘာနာဒိုဆေးလ်ဗားက သူတို့က ဘာ​ကြောင့် ရီးရဲလ်မက်ဒရစ်ကို ကြေက်လန့်နေရမှာလဲလို့ ပြောဆိုလိုက်ပါတယ်။ မနက်ဖြန်ကစားရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲမတိုင်ခင် ပြောဆိုလိုက်တာဖြစ်ပြီး ဘာနေဗျူးမှာ သွားကစားရဖို့အတွက် သူတို့ကြောက်ရွံ့နေမှာမဟုတ်ဘူးလို့ ပြတ်ပြတ်သားသားပြောဆိုလိုက်တာပါ။ 

ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တုန်းကလည်း ရင်ဆိုင်ခဲ့ဖူးပြီး မန်စီးတီးတို့ အရေးနိမ့်ခဲ့ပါတယ်။ ဒီတကြိမ်မှာတော့ ပြန်လက်စားချေမယ်လို့ ဆေးလ်ဗားက ကြုံးဝါးထားပြီး အခုတခါ ထပ်မံပြီး ရီးရဲလ်က မိုဒရစ်တို့ အုပ်စုသာမရှိရင် ဘာအောင်မြင်မှုမှရမှာမဟုတ်တဲ့ အသင်းလို့လည်း ပြောဆိုသွားခဲ့ပါတယ်။ 

"သူတို့အသင်းကို အများကြီးလေးစားပါတယ်၊ ဒါပေမယ့် ဘာမှကြောက်နေစရာမရှိမပါဘူး၊ ဘာလို့ သူတို့ကို ကြောက်နေရမှာလဲ၊ လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက တည်ဆောက်ထားခဲ့မှုကိုသာ ထိန်းထားနိုင်ရင် သူတို့ကို အနိုင်ယူနိုင်မှာပါ၊ ဒါက အသင်းအမှတ်တံဆိပ်နဲ့လည်း မဆိုင်ပါဘူး၊ ဘာဆို ဘာမှကိုမဆိုင်တာပါ"

"ဒါက ကွင်းထဲမှာ ကစားရမယ့် ကစားသမားတွေနဲ့ပဲ ဆိုင်ပါတယ်၊ တကယ်လို့သာ သူတို့အသင်းမှာ မိုဒရစ်၊ ခရူးစ်၊ ဗင်နီရှပ်စ်၊ ဘန်ဇီမာတို့မရှိရင် ကျနော်ပြောနိုင်တာက သူတို့ ဘာအော်မြင်မှုမှ ရမှာမဟုတ်ဘူးဆိုတာပါပဲ၊ ဒီ ဂျာစီက သူ့ဟာသူ အောင်မြင်မှုရယူနိုင်လို့လား၊ သူတို့ကို မလေးမစားပြောတာမဟုတ်ပါဘူး၊ ဒါပေမယ့် ကျနော်တို့ မနှစ်က ခက်ခဲတဲ့အခြေအနေမှာ ရှုံးနိမ့်ထားတာကို သိထားပါတယ်၊ ဒီတခါတော့ မတူအောင် ကြိုးစားမှာပါ" လို့ ပြောဆိုသွားခဲ့ပါတယ်။ 

"ဒီဆုဖလားကိုလည်း အမှန်တကယ်ရယူချင်ပါတယ်၊ ကျနော်တို့ မရယူနိုင်တာ ဒီဖလားပဲရှိတော့တာပါ၊ အသင်းက လက်ရှိမှာ ဆုဖလားသုံးလုံးစလုံးအတွက် ကောင်းကောင်းတိုက်ပွဲဝင်နိုင်ပါတယ်၊ အက်ဖ်အေဖလားကလည်း ဒါဘီပွဲပါ၊ က​ျေနော်တို့ ပရိသတ်တွေအကြိုက်ပါပဲ" လို့လည်း သူက ထပ်ပြောခဲ့ပါတယ်။ 


Share

Loading Next Article...
က္က