ရီးရဲလ်မက်ဒရစ်ရဲ့ပြိုင်ဘက်တွေနဲ့ပတ်သက်လို့ ပြောပြခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်ရဲ့ ဘရာဇီးကြယ်ပွင့် တိုက်စစ်ကစားသမားလေး ရိုဒရီဂိုက ရီးရဲလ်မက်ဒရစ်အနေနဲ့ ဘာစီလိုနာနဲ့ပတ်သက်လို့ ဂရုမစိုက်နေနိုင်တဲ့အကြောင်း၊ ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်အတွက် အကြီးမားဆုံးပြိုင်ဘက်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။



ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လာလီဂါ၊ စပိန်စူပါဖလား၊ ချန်ပီယံလိဂ်ဖလားတို့နဲ့အတူ အောင်မြင်တဲ့ ဘောလုံးရာသီတခုကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။ ဒီအနေအထားမှာ ဘာစီလိုနာက ဆန့်ကျင်ဘက်အဖြစ် ဖလားလက်မဲ့ဖြစ်ခဲ့တဲ့အပြင် ချန်ပီယံလိဂ်ကနေထွက်ပြီး ယူရိုပါလိဂ်မှာတောင် သွားရောက်ကစားခဲ့ရပါသေးတယ်။

ဘာစီလိုနာအနေနဲ့ ဒီလိုမျိုး အခြေအနေဆိုးခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ အောင်မြင်မှုအပေါ် အထင်ကြီးဟန်မရှိဘဲ နည်းပြဇာဗီနဲ့ ပီဒရီတို့က ရီးရဲလ်မက်ဒရစ်ရဲ့ ကစားဟန်အပေါ် ထိုးနှက်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒါကြောင့်လည်း ရိုဒရီဂိုက ရီးရဲလ်မက်ဒရစ်ဘက်က အနေအထားနဲ့ ပတ်သက်ပြီး အခုလိုပြောကြားလာခဲ့တာပါ။

ရိုဒရီဂိုက “ကျနော့်အတွက် အကြီးမားဆုံး ပြိုင်ဘက်က ဘာစီလိုနာလား၊ အက်သလက်တီကိုလားဆိုရင် ဘာစီလိုနာလို့ပဲ ပြောရမှာလား? ဒါပေမယ့် ကျနော်တို့ ရီးရဲလ်မက်ဒရစ်က ပြိုင်ဘက်မရှိတဲ့ အသင်းတသင်းပါ။ ကျနော်တို့အတွက် အကြီးမားဆုံးပြိုင်ဘက်က ကျနော်တို့ကိုယ်တိုင်ပဲဖြစ်ပါတယ်”

“အခြားအသင်းတွေကို ကျနော်တို့က ဂရုတောင်မစိုက်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ်ဖလားကို (၁၄) ကြိမ်မြောက်အဖြစ် ဆွတ်ခူးနိုင်ခဲ့ပြီး ဥရောပမှာ အအောင်မြင်ဆုံးအသင်းတသင်းအဖြစ် ပြိုင်ဘက်မရှိ ရပ်တည်နေဆဲပါ။ လက်ရှိနွေရာသီမှာလည်း ရီးရဲလ်မက်ဒရစ်က အသင်းအတွက် လိုအပ်နေတဲ့ ချူအာမန်နီ၊ ရူဒီဂါတို့ကို ခေါ်ယူထားခဲ့ပြီးလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က