တူးလော့စ်နဲ့ပွဲမှာ အောင်ပွဲခံခဲ့တာပါ။

ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေဟာ တူးလော့စ်နဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ ပြင်သစ်လီဂူးပွဲစဉ်မှာ အသင်းအတွက် ပင်နယ်တီကတစ်ဆင့် ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ အမ်ဘာပေဟာ ဒီပွဲမှာ အရန်ခုံထိုင်ခဲ့ရပေမယ့် လူစားဝင်ခွင့်ရချိန်မှာတော့ အကောင်းဆုံး ပေးဆပ်နိုင်ခဲ့တာပါ။



ဒါပေမယ့်လည်း ပီအက်စ်ဂျီတို့ ပင်နယ်တီကတစ်ဆင့်ပဲ ချေပဂိုး ပြန်ပေးလိုက်ရတာကြောင့် နိုင်ပွဲနဲ့ ဝေးကွာခဲ့ရပါတယ်။ ပြောစရာဖြစ်ခဲ့တာကတော့ ပီအက်စ်ဂျီအတွက် ဂိုးသွင်းအပြီး အမ်ဘာပေရဲ့ အောင်ပွဲခံဟန်ပဲဖြစ်ပါတယ်။

အမ်ဘာပေဟာ ပရိသတ်တွေရှိရာဆီကို သွားရောက် အောင်ပွဲခံခဲ့ပြီး “ငါ ဒီမှာ ဆက်ရှိနေတယ်” လို့ အော်ဟစ်ခဲ့တာပဲဖြစ်ပါတယ်။ အမ်ဘာပေဟာ လာမယ့်နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းမတိုးဘဲ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ စီစဉ်နေပါတယ်။

အဲ့ဒါကြောင့်လည်း ပီအက်စ်ဂျီဘက်က အမ်ဘာပေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်မခံလိုဘဲ ပြောင်းရွှေ့ကြေး ယူရိုသန်း (၂၅၀) နဲ့ ရောင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့် အမ်ဘာပေကတော့ ဒါကို လက်မခံဘဲ လက်ရှိဘောလုံးရာသီတစ်လျှောက်လုံးမှာ ပီအက်စ်ဂျီမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ထားပါတယ်။

အဲ့ဒါကြောင့်လည်း အမ်ဘာပေတစ်ယောက် အခုလိုမျိုး အောင်ပွဲခံခဲ့တယ်လို့ ယူဆရပါတယ်။ နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေအရ ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေကို လက်ရှိနွေရာသီ အပြောင်းအရွှေ့မပိတ်ခင် ပြောင်းရွှေ့ကြေး ပေါင် (၁၀၃) သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်းလည်း သိရှိရပါတယ်။ 

Share

Loading Next Article...
က္က