ဆိုရီယာနိုက ရီးရဲလ်မက်ဒရစ်ကံကောင်းတဲ့အကြောင်း ပြောကြားလာတာပါ။

မန်စီးတီးရဲ့အမှုဆောင်အရာရှိချုပ် ဖာရန်ဆိုရီယာနိုက ရီးရဲလ်မက်ဒရစ်တို့ ချန်ပီယံလိဂ်ဖလားရတာက အတော်လေးကံကောင်းလို့ဖြစ်ကြောင်း ပြောကြားလာပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်ရဲ့ နောက်ကောက်ချခြင်းကို ခံလိုက်ရတဲ့အသင်းတသင်းပါ။



ဆီမီးဖိုင်နယ် ဒုတိယအကျော့ရဲ့ နောက်ဆုံးမိနစ် (၉၀) အထိ မန်စီးတီးတို့ နှစ်ဂိုးအသာရခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ အံ့အားသင့်ဖွယ် ချေပဂိုးတွေကြောင့် အချိန်ပိုဆက်ကစားခဲ့ရပါတယ်။ အချိန်ပိုမှာတော့ ဘန်ဇီမာရဲ့ ပင်နယ်တီဂိုးနဲ့ မန်စီးတီးတို့ရှုံးနိမ့်ပြီး ရီးရဲလ်မက်ဒရစ်ကသာ ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီ၊ ချဲလ်ဆီး၊ မန်စီးတီးတို့ကို နောက်ကလိုက်ကစားပြီး ဖြုတ်ချခဲ့တာပါ။

ဗိုလ်လုပွဲမှာတော့ လီဗာပူးက ဗီနီရှပ်စ်ရဲ့တလုံးတည်းသောဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ ဒီလိုမျိုး ရီးရဲလ်မက်ဒရစ်ဗိုလ်စွဲတဲ့အပေါ် မန်စီးတီးအမှုဆောင်အရာရှိချုပ် ဆိုရီယာနိုက “ချန်ပီယံလိဂ်ဖလားကလည်း ကျနော်တို့ လိုချင်တဲ့ဖလားပါ။ ဒါပေမယ့် ဒီဖလားရဖို့အတွက် ကံကောင်းဖို့လည်း လိုအပ်တော့ ကျနော်တို့ သိပ်ပြီး ငမ်းငမ်းတက်မဖြစ်ပါဘူး”

“ဒီနေ့ဒီအချိန်မှာ လူတွေက ရီးရဲလ်မက်ဒရစ်ရဲ့ နောက်ပိုင်းနှစ် အောင်မြင်မှုတွေအကြောင်းကို ပြောနေကြပါတယ်။ ဒါပေမယ့် သူတို့ အတော်လေးကံကောင်းခဲ့တာကိုလည်း ပြောသင့်တယ်လို့ ကျနော်ထင်ပါတယ်။ သူတို့က ပီအက်စ်ဂျီ၊ ချဲလ်ဆီး၊ ကျနော်တို့နဲ့ ဒါမှမဟုတ် လီဗာပူးတို့နဲ့ပွဲတွေမှာ ရှုံးနိမ့်ဖို့ ထိုက်တန်ခဲ့ပါတယ်။ လူတွေက (၈၀)၊ (၉၀) ပြည့်နှစ်ကာလတွေမှာ ရီးရဲလ်မက်ဒရစ်က အသင်းကောင်းတသင်းဖြစ်ခဲ့တာကို မမှတ်မိကြပါဘူး”

“အဲ့ဒီအသင်းက ဘူတရာဂွီနို၊ လာကွင်တာတို့နဲ့ သမိုင်းတလျှောက် အကောင်းဆုံးအသင်းတွေထဲက တသင်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အေစီမီလန်က သူတို့ကို အဲ့ဒီအချိန်တုန်းက နှစ်တိုင်းဖြုတ်ချခဲ့တာပါ။ အဲ့ဒီတော့ သူတို့ အခု ကံကောင်းလာတာပေါ့” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က