ဖလူမင်နီးစ်ကို ပြောင်းရွှေ့မှာဖြစ်ပါတယ်။

ကလပ်အသင်းဘက်ကလည်း မာဆယ်လိုကို စာချုပ်သစ်ထပ်မံချုပ်ဆိုဖို့ ဆန္ဒမရှိတော့ဘဲ အလွတ်ထွက်ခွာခွင့်ပေးဖို့ ဆုံးဖြတ်ထားပြီးပြီလို့လည်း ဆိုပါတယ်။ 


ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဂန္ထဝင်ကစားသမားတဦးအဖြစ် ရပ်တည်ထားပြီးဖြစ်တဲ့ ဘရာဇီးလ်ဘယ်နောက်ခံလူမာဆယ်လိုဟာ ရာသီကုန်မှာ ဘာနေဗျူးကထွက်ခွာတော့မှာဖြစ်ပါတယ်။ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမှာဖြစ်ပြီး ဘရာဇီးလ်ကလပ်ဖလူမင်နီးစ်အသင်းကို ပြောင်းရွှေ့မှာဖြစ်တယ်လို့သိရကာ ၂၀၀၇ ခုနှစ်ကတည်းက ရောက်ရှိခဲ့တဲ့အသင်းကို စွန့်ခွာတော့မှာလည်းဖြစ်ပါတယ်။ 



ဝါရင့်နောက်ခံလူကို ဖလူမင်နီးစ်နဲ့ ဘိုတိုဖာဂိုအသင်းတို့ အပြိုင်ကမ်းလှမ်းခဲ့ပြီး ကစားသမားက ဖလူမင်နီးစ်ကို အလေးသားခဲ့ပါတယ်။ ရီးရဲလ်ကို ဖာလန်းမန်ဒီရောက်လာခဲ့ပြီးကတည်းက မာဆယ်လိုဟာ ပုံမှန်ကစားခွင့်ဆုံးရှုံးခဲ့ပြီး ပြင်သစ်သားကလည်း မာဆယ်လိုကို နေရာမရစေနိုင်တဲ့အထိ တောက်ပတဲ့ခြေစွမ်းတွေကို ပြသခဲ့ကာ ဘယ်အစွန်ခံစစ်နေရာကို အပိုင်စားသွားခဲ့ပါတယ်။ 

မာဆယ်လိုကို ခေါ်ယူချင်တဲ့ ဥရောပထိပ်တန်းကလပ်တွေ အများကြီးရှိနေခဲ့ပေမယ့် ကစားသမားက ရီးရဲလ်မဟုတ်တဲ့ အခြားဥရောပအသင်းတွေမှာ မကစားပေးချင်တာကြောင့် မွေးရပ်မြေဘရာဇီးလ်ကို ပြန်သွားမှာဖြစ်တယ်လို့လည်း The Sun က ဖော်ပြခဲ့ပါတယ်။ ကလပ်အသင်းဘက်ကလည်း မာဆယ်လိုကို စာချုပ်သစ်ထပ်မံချုပ်ဆိုဖို့ ဆန္ဒမရှိတော့ဘဲ အလွတ်ထွက်ခွာခွင့်ပေးဖို့ ဆုံးဖြတ်ထားပြီးပြီလို့လည်း ဆိုပါတယ်။ 

ရီးရဲလ်မက်ဒရစ်အတွက် မာဆယ်လိုက ၅၃၃ ပွဲအထိကစားပေးခဲ့ပြီး ချန်ပီယံလိဂ်ဖလား ၄ လုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူဟာ အသင်းခေါင်းဆောင်အဖြစ် ဒီရာသီမှာ ခန့်အပ်ခံခဲ့ရပြီး ဒါဟာ နှစ်ပေါင်း ၁၁၇ နှစ်အတွင်းမှာ စပိန်သားမဟုတ်တဲ့ အသင်းခေါင်းဆောင်တစ်ဦးအဖြစ် ရီးရဲလ်မှာ မှတ်တမ်းဝင်ခဲ့ပါတယ်။ လျင်မြန်တဲ့

ကစားပုံ၊ လှပတဲ့ဖြတ်တင်ဘောတွေနဲ့ လိုအပ်ရင် လှပတဲ့သွင်းဂိုးတွေကိုပါ ရယူပေးနိုင်တဲ့ မာဆယ်လိုဟာ ကစားသမားဘ၀မှာ နာမည်ကျော်ကစားသမားအများအပြားနဲ့ တွဲဖက်ကစားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က