စပိန်ကို ယုံကြည်ချက်အပြည့်နဲ့သွားမယ်လို့ ဆိုပါတယ်။

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့တုန်းက အိမ်ကွင်းမှာ ရီးရဲလ်မက်ဒရစ်ကို ၅-၂ နဲ့ အရေးနိမ့်ခဲ့ပေမယ့်လည်း ဒုတိယအကျော့အတွက် ယုံကြည်ချက်ရှိတယ်လို့ လီဗာပူးလ်နောက်ခံလူအာနိုးလ်က ပြောဆိုလိုက်ပါတယ်။ ဘာနေဗျူးမှာ လီဗာပူးလ်တို့ အနည်းဆုံး ၃ ဂိုးအသာနဲ့ အနိင်ရမှသာ အချိန်ပိုဆက်ကစားခွင့်ရမှာဖြစ်လို့ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ဖို့တော့ မလွယ်ကူတာဖြစ်ပါတယ်။ 

ဒါ့အပြင် ရီးရဲလ်မက်ဒရစ်နဲ့ မကစားခင်မှာပဲ ပရီးမီးယားလိဂ်မှာ တန်းဆင်းဇုန်အတွင်းက ဘုန်းမောက်ကို ၁-၀ နဲ့ လီဗာပူးလ်တို့ အရေးနိမ့်ခဲ့ရပါတယ်။ ဒီပွဲမှာ အသင်းရဲ့ ကစားပုံနဲ့ တိုက်ပွဲဝင်စိတ်ဓာတ်အပေါ် အာနိုးလ်က မကျေမနပ်ဖြစ်နေခဲ့ပြီး ရီးရဲလ်မက်ဒရစ်နဲ့ပွဲမှာ အံ့အားသင့်ဖွယ်စွမ်းဆောင်ရည်ပြသနိုင်ဖို့ မျှော်လင့်ကြောင်းလည်း ဖွင့်ဟခဲ့ပါတယ်။ 

"ရီးရဲလ်မက်ဒရစ်နဲ့ပွဲက ကျနော်တို့အတွက် ကြီးမားတဲ့ပွဲတပွဲပါ၊ ကျနော်တို့ ရှေ့ဆက်သွားဖို့ လိုအပ်နေတဲ့ပွဲဖြစ်ပြီး ထူးခြားမှုတွေကို လုပ်ပြနိုင်ဖို့လည်း လိုအပ်ပါတယ်၊ ဒီပွဲကို ကျနော်တို့အားလုံး အခုပဲ အာရုံစိုက်နေပြိဖြစ်ပြီး သဘောကတော့ ဒီပွဲအတွက် အရာအားလုံးကို ကျနော်တို့ အားသွန်ခွန်စိုက်လုပ်ရတော့မယ်ဆိုတာပါပဲ"

"အားလုံးပြီးဆုံးသွားပြီဆိုတဲ့ စိတ်ထားမျိုးနဲ့ က​ျနော်တို့ စပိန်ကို သွားမှာမဟုတ်ပါဘူး၊ ကျနော်တို့မှာ ယုံကြည်ချက်ရှိပါတယ်၊ ခက်ခဲမယ့်ပွဲတပွဲဆိုတာကို နားလည်ထားပြီးတော့ ဂိုးတွေသွင်းပြီး ကောင်းမွန်တဲ့ ပွဲတပွဲကို ကစားနိုင်မယ်လို့ မျှော်လင့်ထားပါတယ်၊ ကျနော်တို့က ဘယ်တော့မှ အရှုံးမပေးပါဘူး" လို့ အာနိုးလ်က ပြောဆိုခဲ့ပါတယ်။ 

လီဗာပူးလ်ကတော့ ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံးပွဲတ​ွေမှာ ဆက်တိုက်အရေးနိမ့်နေခဲ့တာဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာပဲ ၂ ကြိမ်တိတိရှုံးနိမ့်မှုလည်း ပါဝင်နေခဲ့တာဖြစ်ပါတယ်။ 


Share

Loading Next Article...
က္က