နောက်ဆုံးမိနစ် လူကျွံဘောအတွက် ပေါက်ကွဲနေတာပါ။

မနေ့ညက ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်က ပရိသတ်တွေကို ဖျော်ဖြေမှု ပေးနိုင်ခဲ့သလို အငြင်းပွားဖွယ်တွေလည်း ဖြစ်ပွားခဲ့ပါတယ်။ ဒီပွဲမှာ ရီးရဲလ်က ဟိုဆေးလူရဲ့ နောက်ကျသွင်းဂိုးနှစ်ဂိုးကြောင့် ၂-၁ ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တာပါ။



ဒီပွဲမှာ ဘိုင်ယန်မြူးနစ်တို့ ဦးဆောင်ဂိုးအရင်ရခဲ့တာဖြစ်ပြီး အယ်လ်ဖွန်ဆိုဒေးဗီးစ်က တစ်ချက်ခေါက်ကာ ညာခြေနဲ့ အပြင်းကန်သွင်းယူခဲ့တာပါ။ အဲ့ဒီနောက် ဘိုင်ယန်တို့ နောက်တစ်ဂိုးရခဲ့ပေမယ့် VAR နဲ့ ပယ်ဖျက်ခံခဲ့ရပါတယ်။

(၈၇) မိနစ်နဲ့ မိနစ် (၉၀) တို့မှာတော့ ဟိုဆေးလူက ရီးရဲလ်အတွက် နှစ်ဂိုးဆက်တိုက် သွင်းယူပေးခဲ့ပါတယ်။ ဒီလိုမျိုး ၂-၁ ဂိုးနဲ့ ဦးဆောင်ခံထားရချိန်မှာ ဘိုင်ယန်တို့ ဒီလစ်ဂ်ရဲ့ ချေပဂိုးရမလို ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလစ်ဂ် လူကျွံနေတယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။

ဒီဖြစ်ရပ်မှာ စည်းကြပ်ဒိုင် အလံထောင်တာ စောနေတယ်လို့ ပရိသတ်တွေက ဝေဖန်နေကြပြီး ကွင်းလယ်ဒိုင်ကိုလည်း ဝေဖန်နေကြပါတယ်။ ပွဲအပြီးမှာလည်း မူလာက “မာစီညက်ခ်လား? သူက VAR ကို ပြန်မကြည့်ခဲ့သလို သူ့ကိုယ်သူလည်း ဒီအတွက် အခွင့်အရေး မပေးခဲ့ပါဘူး။ ဒီလိုအနေအထားမျိုးတွေမှာ ခရာကို အစောကြီးမှုတ်တာက ထူးဆန်းလွန်းပါတယ်”

“မက်ဒရစ်နဲ့ကစားရင် ကျွန်တော် ဒါမျိုးကို မကြာခဏ ကြုံခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းကလည်း ရော်နယ်ဒိုရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ ဖြစ်ဖူးပါသေးတယ်။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက VAR မပေါ်သေးပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က