လာမယ့်တပတ်မှာ လာလီဂါပွဲအဖြစ်ကစားရမှာပါ။

သူတို့အနေနဲ့ ရီးရဲလ်မက်ဒရစ်ကို Guard of honour လုပ်မှာမဟုတ်ဘူးလို့ အက်သလက်တီကိုမက်ဒရစ်နောက်ခံလူ ဟိုဆေးမာရီယာဂျီမင်နက်ဇ်က ပြောဆိုလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါချန်ပီယံဖြစ်သွားခဲ့ပြီဖြစ်ကာ လာမယ့် မေလ ၉ ရက်နေ့မှာ အက်သလက်တီကိုမက်ဒရစ်နဲ့ အဝေးကွင်းပွဲသွားရောက်ကစားရမှာလည်းဖြစ်ပါတယ်။ 

ဒီအတွက် အဆိုပါပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်း ကွင်းထဲဝင်လာချိန်မှာ စောင့်ဆိုင်းကာ လက်ခုပ်တီးဂုဏ်ပြုမှာလားလို့ မေးမြန်ခဲ့မှုကို ဂျီမင်နက်ဇ်က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။ ဂျီမင်နက်ဇ်က "ရီးရဲလ်မက်ဒရစ်ကို Guard of Honour လုပ်ရမှာလား၊ သူတို့ကို ကျနော်တို့ ဂုဏ်ပြုပြီးပါပြီ၊ ဒါပေမယ့် ကျနော်တို့ရဲ့ ပရိသတ်တွေအပေါ်ကို လေးစားရပါမယ်" လို့ ပြောဆိုခဲ့ပါတယ်။ 

မြို့ခံပြိုင်ဘက်နှစ်သင်းဟာ လာလီဂါသရဖူအတွက် အဖြေပေါ်ပြီးတဲ့အချိန်မှာပဲ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ရလဒ်ပိုင်းအရတော့ အရေးပါတဲ့တွေ့ဆုံမှုမဟုတ်ပေမယ့်လည်း ဂုဏ်သိက္ခာအရတော့ အကြိတ်အနယ်ယှဉ်ပြိုင်ကြဖွယ်ရှိပါတယ်။ အေတီကိုကတော့ ဒီရာသီမှာ သူတို့ရဲ့ ချန်ပီယံဘွဲ့ကို လက်လွှတ်ခဲ့ရပြီး မြို့ခံပြိုင်ဘက်ဆီ လွှဲပေးခဲ့ရတာလည်းဖြစ်ပါတယ်။ 

ပုံမှန်အားဖြင့်တော့ ချန်ပီယံဖြစ်အပြီး နောက်ပွဲစဉ်မှာ ချန်ပီယံအသင်းကို ကွင်းအတွင်းစောင့်ဆိုင်းကာ လက်ခုပ်တီးဂုဏ်ပြုမှုကို အစီအစဉ်တခုအနေနဲ့ ပြုလုပ်နေကျဖြစ်ပါတယ်။ ဒါပေမယ့် ဂျီမင်နက်ဇ်ရဲ့ ပြောစကားအရတော့ လာမယ့်ပွဲမှာ ရီးရဲလ်ကို ဂုဏ်ပြုသွားဖွယ်မရှိဘူးလို့ယူဆရကာ အဆိုပါပွဲကတော့ စိတ်ဝင်တစားနဲ့ စောင့်ကြည့်သွားရဖို့ ဖြစ်လာခဲ့ပါပြီ။ 

Share

Loading Next Article...
က္က