ဘယ်လင်ဟမ်က အကုန်လုံးကို ငြင်းခဲ့တာပါ။

အမ်ဘာပေအနေနဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ချင်တယ်ဆိုရင် ဘယ်လင်ဟမ်ကို အတုယူပြီး ဘယ်လင်ဟမ်ရဲ့ လမ်းစဉ်ကို လိုက်ရမယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဇန်နဝါရီ အပြောင်းအရွှေ့က ဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက် အမ်ဘာပေနဲ့ ရီးရဲလ်မက်ဒရစ်တို့ အပြောင်းအရွှေ့ သတင်းတွေက ပြန်လည် ထွက်ပေါ်လာတော့မှာပါ။



အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်ဥက္ကဌကြီး ပီရက်ဇ်ရဲ့ စိတ်ကြိုက်ကစားသမားဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း သူ့ကို ခေါ်ယူဖို့ စံချိန်တင်ပြောင်းရွှေ့ကြေးတွေနဲ့ ကြိုးစားခဲ့သည့်တိုင် ပီအက်စ်ဂျီကတော့ အမ်ဘာပေကို အသင်းမှာ ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ (၂၀၂၂) နွေရာသီမှာလည်း အမ်ဘာပေက ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့မလိုဖြစ်ပြီးမှ ပီအက်စ်ဂျီရဲ့ မက်လုံးတွေကြောင့် ပြင်သစ်မှာပဲ ဆက်နေဖြစ်ခဲ့တာပါ။ အခုချိန်မှာတော့ အမ်ဘာပေကိုယ်တိုင်က ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ဆန္ဒပြင်းပြနေပြီဖြစ်ပါတယ်။
ဒါပေမယ့် သူက ရီးရဲလ်မက်ဒရစ်မှာ အခြားသော ကစားသမားတွေထက် လစာတစ်ဝက်နီးပါး ပိုမိုရရှိဖို့ ဆန္ဒရှိနေပါတယ်။ ဒီအချက်ကတော့ သူ့အနေနဲ့ရော၊ ရီးရဲလ်မက်ဒရစ်အတွက်ပါ ခက်ခဲနိုင်ခြေရှိပါတယ်။ အမ်ဘာပေကို ခေါ်ယူဖို့ လီဗာပူးကလည်း မကြာမကြာ သတင်းထွက်ပေါ်လျက်ရှိပါတယ်။

ရီးရဲလ်မက်ဒရစ်တို့ ဘယ်လင်ဟမ်ကို ခေါ်ယူခဲ့တုန်းက ဘယ်လင်ဟမ်အနေနဲ့ အခြားအသင်းတွေရဲ့ မက်လောက်စရာ ကမ်းလှမ်းမှုတွေကို ရရှိခဲ့သည့်တိုင် ရီးရဲလ်မက်ဒရစ်ကိုသာ ရွေးချယ်ခဲ့တာပါ။ အဲ့ဒါကြောင့်လည်း အမ်ဘာပေအနေနဲ့ ငွေမက်နေဦးမယ်ဆိုရင်တော့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ အဆင်ပြေနိုင်ဦးမှာ မဟုတ်ပါဘူး။

Share

Loading Next Article...
က္က