အမ်ဘာပေကိစ္စအတွက် မကျေမနပ်ဖြစ်နေတာပါ။

ပီအက်စ်ဂျီဟာ အမ်ဘာပေကိစ္စအတွက် ရီးရဲလ်မက်ဒရစ်ကို အခဲမကြေဖြစ်နေခဲ့ပြီး လက်ရှိအချိန်မှာတော့ လက်စားချေဖို့ ပြင်ဆင်လာခဲ့ပြီဖြစ်ပါတယ်။ အမ်ဘာပေဟာ လက်ရှိမှာ ပီအက်စ်ဂျီနဲ့ သက်တမ်းမတိုးဘဲ လက်ရှိဘောလုံးရာသီအကုန်မှာ ရီးရဲလ်မက်ဒရစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေပါတယ်။



ပီအက်စ်ဂျီဘက်ကတော့ လက်ရှိမှာ အမ်ဘာပေကို စာချုပ်သစ်ချုပ်ဆိုဖို့ ဆန္ဒရှိနေသလို တစ်ဖက်မှာလည်း ရီးရဲလ်မက်ဒရစ်နဲ့ အမ်ဘာပေတို့အကြား ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီးဖြစ်တယ်လို့ ပီအက်စ်ဂျီက ယုံကြည်နေပါတယ်။

လက်ရှိမှာတော့ ပီအက်စ်ဂျီက လက်စားချေတဲ့အနေနဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ကြယ်ပွင့် (၅) ယောက်ကို တန်ပြန်ပစ်မှတ်ထားလာကြောင်း သိရှိရပါတယ။ ပီအက်စ်ဂျီတို့ စိတ်ဝင်စားနေတဲ့ ကစားသမားတွေထဲမှာ ဗီနီရှပ်စ်၊ ရိုဒရီဂိုတို့ ပါဝင်ပြီး ချူအာမန်နီ၊ ကာမာဗင်ဂါ၊ ဗယ်လ်ဗာဒီတို့ကိုလည်း ဆွဲဆောင်သွားဖို့ စိတ်ဝင်စားလျက်ရှိပါတယ်။

လက်ရှိမှာ ပီအက်စ်ဂျီနဲ့ ရီးရဲလ်မက်ဒရစ် နှစ်သင်းအကြား ဆက်ဆံရေးက အမ်ဘာပေကိစ္စကြောင့် ပျက်ပြယ်သွားခဲ့ရပြီး ပီအက်စ်ဂျီကလည်း ရီးရဲလ်မက်ဒရစ်ကို ဖီဖာအထိ တိုင်ကြားဖို့ သတင်းထွက်ခဲ့ပါတယ်။ အယ်လ်ခါလိုင်ဖီနဲ့ ပီရက်ဇ်တို့အကြားမှာလည်း တင်းမာမှုတွေရှိနေတဲ့နောက် ပီအက်စ်ဂျီက အခုလိုမျိုးပဲ လက်စားချေဖို့ ပစ်မှတ်ထားလာတာပါ။

အဆိုပါ ကစားသမားငါးယောက်ဟာ ရီးရဲလ်မက်ဒရစ်အတွက် အနာဂတ်မှာ အားကိုးလာရမယ့် ကစားသမားတွေအဖြစ် သတ်မှတ်ခံထားရပြီး အသင်းအပြင် ကစားသမားတွေကပါ ပီအက်စ်ဂျီကို ငြင်းဆန်သွားဖွယ်ရှိပါတယ်။ 

Share

Loading Next Article...
က္က