ချန်ပီယံလိဂ်မှာ တအုပ်စုတည်း ကျရောက်နေကြတာပါ။

ဆဲလ်တစ်နည်းပြ အန်ဂီပိုစတီကိုဂလူးက ပြီးခဲ့တဲ့တနင်္ဂနွေညက ဒန်ဒီးယူနိုက်တက်ကို အဝေးကွင်းမှာ (၉) ဂိုးပြတ်နဲ့ အနိုင်ရရှိပြီးနောက် ချန်ပီယံလိဂ်မှာ တအုပ်စုတည်း ကျရောက်နေတဲ့ ရီးရဲလ်မက်ဒရစ်ကို သတိပေးပြောကြားလိုက်ပါတယ်။ ဆဲလ်တစ်ဟာ နှစ်ပေါင်း အတော်ကြာမှ ချန်ပီယံလိဂ်အုပ်စုအဆင့်ကို ပြန်လည်ကစားခွင့်ရရှိခဲ့တာပါ။



သူတို့အုပ်စုမှာ လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်၊ လိုက်ပ်ဇစ်နဲ့ ရှက်တာဒိုးနက်တို့ ပါဝင်နေပါတယ်။ အဲ့ဒါကြောင့်လည်း ဒီအုပ်စုမှာ ဆဲလ်တစ်က အင်အားအနည်းဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒါပေမယ့် ပိုစတီကိုဂလူးကတော့ သူ့အသင်းနဲ့ပတ်သက်လို့ နည်းနည်းလေးမှ အလျှော့ပေးလိုတဲ့ပုံမပေါ်ပါဘူး။

ပိုစတီကိုဂလူးက ဆဲလ်တစ်ကစားသမားတွေကို “သေချာတာတခုက မင်းတို့အတွက် ဒီလိုမျိုးအခွင့်အရေးတွေရလာပြီဆိုရင် မင်းတို့နှစ်သက်တဲ့ ကစားသမားတွေကို အနိုင်ယူဖြုတ်ချပြီးမှ ဂျာစီချင်းလဲတာ ပိုကောင်းတာပေါ့ကွာ။ ဒီတိုင်း ဂျာစီတွေကို စုဆောင်းရတာထက်စာရင် ဒါမျိုးက ပိုမိုက်တာကွ” လို့ သတိပေးပြောကြားလိုက်ပါတယ်။

ဆဲလ်တစ်ဟာ လက်ရှိပြည်တွင်းမှာလည်း အကောင်းဆုံးပုံစံတွေပြသနေတဲ့အသင်းတသင်းဖြစ်ပြီး (၃၇) ပွဲဆက် ရှုံးပွဲမရှိတဲ့စံချိန်တရပ်ကို ထိန်းသိမ်းထားပါတယ်။ ဒါ့အပြင် ဒန်ဒီးကို အဝေးကွင်းမှာ (၉) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲကလည်း သူတို့အသင်းသမိုင်းတလျှောက် နှစ်ပေါင်း (၁၃၄) နှစ်အတွင်းမှာ အကြီးမားဆုံးသော အဝေးကွင်းနိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီကလည်း သူ့ကစားသမားတွေကို အုပ်စုချောင်သည့်တိုင် မပေါ့ဆဖို့ သတိပေးထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ရီးရဲလ်မက်ဒရစ်တို့ ချန်ပီယံလိဂ်အုပ်စုအဆင့် အိမ်ကွင်းပွဲမှာတင် မထင်မရှားအသင်းငယ်လေး ရှရစ်ဖ်ကို ၁-၂ ဂိုးနဲ့ရှုံးနိမ့်ခဲ့ဖူးတာကြောင့်လည်း အန်ဆယ်လော့တီက အခုလိုမျိုး ချန်ပီယံလိဂ်အုပ်စုတွင်းပြိုင်ဘက်တွေနဲ့ပတ်သက်လို့ လျှော့မတွက်ဖို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က