အိမ်ကွင်းဘာနေဗျူးမှာ ပထမဆုံးအကြိမ်အဖြစ် ဒီပြိုင်ပွဲကိုဝင်ရောက်ခွင့်ရတဲ့ မော်လ်ဒိုဗာကလပ် ရှာရစ်က ၁-၂ နဲ့ အံ့အားသင့်ဖွယ် အနိုင်ယူသွားခဲ့တာပဲဖြစ်ပါတယ်။
မနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ် ၂ရဲ့ ပထမဆုံးနေ့မှာ ကမောက်ကမဖြစ်စရာအကောင်းဆုံးရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ အဆိုပါပွဲကတော့ ချန်ပီယံလိဂ်ရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အိမ်ကွင်းဘာနေဗျူးမှာ ပထမဆုံးအကြိမ်အဖြစ် ဒီပြိုင်ပွဲကိုဝင်ရောက်ခွင့်ရတဲ့ မော်လ်ဒိုဗာကလပ် ရှာရစ်က ၁-၂ နဲ့ အံ့အားသင့်ဖွယ် အနိုင်ယူသွားခဲ့တာပဲဖြစ်ပါတယ်။
ရှာရစ်ဟာ မော်လ်ဒိုဗာလိဂ်မှာ ဝင်ရောက်ကစားနေလို့ မော်လ်ဒိုဗာကလပ်လို့ ဆိုနေပေမယ့်လည်း သူဟာ ယူကရိန်းနဲ့ မော်လ်ဒိုဗာကြားဒေသက ကလပ်အသင်းဖြစ်ပြီး နိုင်ငံတကာဥပဒေတွေအရ အငြင်းပွားရာ နယ်မြေဖြစ်နေပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီး ဆန္ဒခံယူမှုတွေအရ မောလ်ဒိုဗာရဲ့ တရားဝင်အစိတ်အပိုင်းမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ဒီအသင်းဟာ နိုင်ငံကိုယ်စားပြုဖို့အခက်တွေ့နေပြီး မော်လ်ဒိုဗာလိဂ်မှာတော့ ဝင်ရောက်ကစားနေတာဖြစ်ပါတယ်။
အသင်းတစ်သင်းလုံးရဲ့ စုစုပေါင်းတန်ဖိုးက ဒေါ်လာ ၁၃.၆၁သန်းသာရှိပြီး ချန်ပီယံလိဂ်ဘုရင်ကြီးရီးရဲလ်မက်ဒရစ်ရဲ့ ပွဲထွက်ကစားသမားတစ်ဦးတန်ဖိုးတောင်မရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့နိုင်ပွဲကတော့ အားလုံးကို ရှော့ခ်ဖြစ်စေခဲ့ပြီး ချန်ပီယံလိဂ်သမိုင်းတစ်လျှောက်မှာ အကြီးအကျယ်အံ့အားသင့်စေမယ့် သမိုင်းဝင်နိုင်ပွဲတစ်ပွဲကို ဖန်တီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။