ဒီကနေ့ညပွဲအတွက် ဂွါဒီယိုလာကပြောကြားခဲ့တာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ရီးရဲလ်မက်ဒရစ်နဲ့ ဒါမျိုး ရင်ဆိုင်ပြီး အနိုင်ယူကျော်ဖြတ်နိုင်မယ့် အခွင့်အရေးက တသက်မှာတခါပဲရမယ်လို့ ကစားသမားတွေကို တွန်းအားပေးလိုက်ပါတယ်။ မန်စီးတီးဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဥ် ပထမအကျော့အဖြစ် ဒီကနေ့ည အိမ်ကွင်းမှာ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရမှာပါ။



ဒီပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက မန်စီးတီးကစားသမားတွေကို အခုလိုပဲ တွန်းအားပေးခဲ့ပါတယ်။ ဂွါဒီယိုလာက “ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်တဲ့အခါမှာ ကျနော်တို့က အရာအားလုံးကို တိတိကျကျ လုပ်ရပါမယ်။ ကစားသမားတွေကို ကျနော်ပြောထားပြီးသားပါ”

“ပျော်ပျော်ကြီးကစားမယ်၊ ပွဲအတွက်ပြင်ဆင်မယ်၊ ဒါမျိုး အခွင့်အရေးက တသက်မှာတခါပဲရမယ်၊ ဘယ်သူက ကြိုသိနိုင်မှာမို့လို့လဲ။ ဒီတော့ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရတဲ့အပေါ်မှာ ကျနော်တို့ ကျေကျေနပ်နပ်ကြီးကစားရမှာပါ။ သမိုင်းကြောင်းကို ကျနော်တို့က ပြောင်းလဲလို့မရပါဘူး။ ဒါပေမယ့် (၁၁) ယောက်ချင်း ကစားရမှာပါ”

“ကစားသမားတွေကပဲ ဒါကို ဆုံးဖြတ်ရမှာပါ။ သမိုင်းကြောင်းက ဆုံးဖြတ်မှာမဟုတ်ပါဘူး။ သမိုင်းကြောင်းအရ ရီးရဲလ်မက်ဒရစ်ကို သွားယှဥ်နေလို့မရပါဘူး။ ကျနော်တို့မှာ ဒါမျိုး သမိုင်းကြောင်းမရှိပါဘူး။ ဘာတွေဖြစ်လာမယ်ဆိုပြီး ကျနော်တို့ စိတ်ကူးယဥ်နေလို့လည်း မရပါဘူး။ (၁၁) ယောက်ချင်း ယှဥ်ရမှာပါ”

“ကစားသမားတွေ ဘယ်လိုရွေ့လျားကစားကြမယ်၊ စိတ်ပိုင်းဆိုင်ရာအရ သူတို့ ဘယ်လောက်သန်မာမယ်ဆိုတာက ဆုံးဖြတ်ပါလိမ့်မယ်။ အန်ဆယ်လော့တီနဲ့ကျနော်ကလည်း ဆုံးဖြတ်ရမှာမဟုတ်ပါဘူး။ ကစားသမားတွေကပဲ ဆုံးဖြတ်ပေးသွားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က