စက်တင်ဘာ ၁၅ ရက်နေ့မှာ ကစားရမှာပါ။

စက်တင်ဘာ ၁၅ ရက်နေ့မှာ ကစားရမယ့် မန်ချက်စတာယူနိက်တက်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်အတွက် သေချာပြင်ဆင်ထားတယ်လို့ မော်ဒိုဗာအသင်းငယ်လေး ရှာရစ်ရဲ့ နည်းပြဖြစ်သူ စတိပန်တိုမက်စ်က ပြောဆိုလိုက်ပါတယ်။ သူတို့အနေနဲ့ အံ့အားသင့်ဖွယ်ရလဒ်ထွက်ပေါ်လာအောင် လုပ်နိုင်စွမ်းရှိတယ်လို့လည်း သတိပေးခဲ့ပြီး ရှာရစ်ကတော့ အဖွင့်ပွဲမှာ အိုမိုနီယာကို ၃ ဂိုးပြတ်နဲ့အနိုင်ရခဲ့ပြီး ယူနိုက်တက်ကတော့ ဆိုဆီဒက်ကို အရေးနိမ့်ထားခဲ့တာဖြစ်ပါတယ်။ 

ရှာရစ်ကတော့ ပြီးခဲ့တဲ့ရာသီတွေအတွင်းက ချန်ပီယံလိဂ်မှာ ဝင်ရောက်ကစားဖူးပြီး ရီးရဲလ်မက်ဒရစ်လိုအသင်းကိုတောင် အနိုင်ရအ​ောင် ကစားပြနိုင်ခဲ့တဲ့အသင်းဖြစ်ပါတယ်။ ဒါကြောင့်လည်း တိုမက်စ်က သူ့အသင်းမှာ အတွေ့အကြုံတွေရှိနေပြီဖြစ်ကာ အသင်းကြီးတွေနဲ့ ရင်ဆိုင်ရချိန်မှာ အကောင်းဆုံးဖြစ်အောင် လုပ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ 

"မန်ချက်စတာယူနိုက်တက်က ကမ္ဘာပေါ်မှာ အကျော်ကြားဆုံးအသင်းပါ၊ သူတို့ ဒီတပတ်မှာ ပွဲမကစားခဲ့ရပါဘူး၊ ကျနော်တို့ ကိုယ့်ကိုကိုယ်ပြင်ဆင်ရမှာဖြစ်ပြီး နောက်တဆင့်တက်နိုင်ဖို့ အခွင့်အရေးတွေကို ရအောင်ယူရပါလိမ့်မယ်၊ အရေးအကြိးဆုံးကတော့ ခံစစ်ပိုင်းကို ပြင်ဆင်ရမှာဖြစ်ပြီး ကျနော်တို့ အခိုက်အတန့်အတွက် ကိုယ်တိုင်ဖန်တီးယူရပါမယ်၊ အခွင့်အရေးနည်းနည်းလေးကိုပဲ အသုံးချနိုင်အောင် လုပ်ရမှာပါ"

"'ီလိုအသင်းတွေနဲ့ ကစားရတာ အရမ်းကောင်းတဲ့ စိတ်ခွန်အားပါပဲ၊ ရော်နယ်ဒိုကစားနိုင်မလား၊ မကစားနိုင်မလားတော့မသိဘူး၊ ပြီးခဲ့တဲ့နှစ်က ကျနော်တို့ ရီးရဲလ်တို့ အနိုင်ရခဲ့တယ်၊ အခု ကျနော်တို့က အတွေ့အကြုံရှိတဲ့အသင်းဖြစ်နေပါပြီ၊ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်မှာ ပွဲတွေများကြီးကစားပြီးပါပြီ၊ ကျနော်တို့ အတွေ့အကြုံရင့်ကျက်နေပြီထင်ပါတယ်" လို့ တိုမက်စ်က ပြောဆိုခဲ့ပါတယ်။ 

ရှာရစ်ကတော့ မော်လ်ဒိုဗာလိဂ်မှာ ရှုံးပွဲမရှိသေးဘဲ ၇ ပွဲကစားအပြီးမှာ ၁၇ မှတ်ရရှိထားပြီး အဆင့် ၁ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ ယူနိုက်တက်ကတော့ ရာသီအစမှာ ရလဒ်တွေဆိုးခဲ့ပေမယ့် လိဂ်ပွဲ ၄ ပွဲဆက်အနိုင်ပြန်ရခဲ့ပါတယ်။ ဒါပေမယ့်  ယူရိုပါလိဂ်မှာ ဆိုဆီဒက်ကိုတော့ အိမ်ကွင်းမှာပဲ အရေးနိမ့်ထားပါတယ်။ 

Share

Loading Next Article...
က္က