ဇာဗီကတော့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲခဲ့တာပါ။

ဘာစီလိုနာနည်းပြ ဇာဗီက ရာသီကုန်ရင် အသင်းနဲ့ လမ်းခွဲမယ့် သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်လိုက်ပြီလို့ သိရှိရပါတယ်။ အဆိုပါ စပိန်လူမျိုးနည်းပြဟာ (၂၀၂၁) ခုနှစ်ကတည်းက ဘာစီလိုနာနည်းပြအဖြစ် တာဝန်ယူခဲ့တာဖြစ်ပါတယ်။



ဒါပေမယ့် ဒီရာသီအစောပိုင်းမှာ ဘာစီလိုနာနည်းပြရာထူးကနေ ရာသီကုန်မှာ နှုတ်ထွက်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒီလိုမျိုး ကြေညာပြီးနောက်ပိုင်း ကစားတဲ့ (၁၀) ပွဲမှာ ဘာစီလိုနာက (၇) ပွဲနိုင်၊ (၃) ပွဲ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း ချန်ပီယံလိဂ်မှာ ကွာတားဖိုင်နယ်ကနေ မထွက်ရခင်ကတည်းက ဇာဗီကို ဘာစီလိုနာနည်းပြအဖြစ် ဆက်ရှိဖို့ ကစားသမားတွေနဲ့ အသင်းဥက္ကဌ လာပေါ်တာတို့က ဆွဲဆောင်နေခဲ့ကြတယ်လို့ သိရပါတယ်။ ပုံမှန်ဆိုရင် ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်ရောက်ခဲ့မယ်ဆိုပါက ဇာဗီရဲ့ ဆုံးဖြတ်ချက်က အခုထက် ပိုစောပြီး ပြောင်းလဲခဲ့မှာပါ။

ဒါပေမယ့် အခုချိန်မှာလည်း ဇာဗီက အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် (၂၀၂၅) ခုနှစ်အထိ ဘာစီလိုနာမှာပဲ ဆက်နေဖို့ ဥက္ကဌ လာပေါ်တာနဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းတွေက ဖော်ပြထားပါတယ်။ လာပေါ်တာ၊ ဇာဗီနဲ့ အားကစားဒါရိုက်တာ ဒေကိုတို့အပါအဝင် ဘာစီလိုနာဘုတ်အဖွဲ့ဝင်တွေက လာပေါ်တာရဲ့ အိမ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသေးတယ်။

အဲ့ဒီနောက်မှာတော့ ဇာဗီက အခုလိုမျိုး သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ခဲ့တာပါ။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်ကို ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ရက်အနည်းငယ်အကြာမှာပဲ ဇာဗီက အခုလိုမျိုး ဆုံးဖြတ်ချက်ကို ပြင်ဆင်လိုက်တာကြောင့် ရီးရဲလ်မက်ဒရစ်ကို လက်စားချေဖို့ ဖြစ်နိုင်တယ်လို့ ပရိသတ်တွေက နောက်ပြောင်နေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က