ဘာစီလိုနာနဲ့ပွဲမှာ မြင်တွေ့ခဲ့ရတာပါ။

တနင်္ဂနွေနေ့ မနက်အစောပိုင်းက ကစားသွားခဲ့တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ရာသီကြိုခြေစမ်းပွဲမှာ ရီးရဲလ်မက်ဒရစ် ကစားသမားတွေရဲ့ ဂျာစီပေါ်က အစိမ်းရောင်အစွန်းအထင်းတွေအကြောင်းကို ပရိသတ်တွေက ပဟေဠိဖြစ်ခဲ့ရပါတယ်။ ဒီပွဲမှာတော့ ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်ကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။



ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ အယ်လ်ကလက်စီကိုပွဲကတော့ ထုံးစံအတိုင်း ချစ်ကြည်ရေးပွဲမရှိဘူးဆိုသလိုပဲ အကြိတ်အနယ်ရှိခဲ့ပြီး နှစ်ဖက်ကစားသမားတွေအကြား ထိပ်တိုက်တွေ့မှုတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် ပရိသတ်တွေအတွက် နောက်ထပ် စိတ်ဝင်စားစရာအချက်တစ်ခုက ရီးရဲလ်မက်ဒရစ်ဂျာစီပေါ်က အစိမ်းရောင်အစွန်းအထင်းတွေပါ။

ဒီအစွန်းအထင်းတွေက တမင်ထည့်သွင်းထားသလားလို့ ပရိသတ်အချို့က ထင်မှတ်ခဲ့ကြပေမယ့် တကယ့်လက်တွေ့မှာတော့ နောက်ကွယ်က အကြောင်းအရာအချို့ရှိပါတယ်။ အဲ့ဒါကတော့ ဒီပွဲမတိုင်ခင် ကွင်းမြက်ခင်းပြင်ကို အရောင်စိုနေစေဖို့အတွက် အပေါ်ကနေ ဆေးအုပ် အသုံးပြုခဲ့တာဖြစ်ပြီး ဒီအချက်ကြောင့်သာ ရီးရဲလ်မက်ဒရစ်ဂျာစီပေါ်မှာ အစိမ်းရောင် အစွန်းအထင်းတွေကို မြင်တွေ့ခဲ့ရတာပါ။

ဒီပွဲကို ကစားချိန်မှာ ကွင်းတွင်းအပူချိန်က (၄၀) ဒီဂရီဆဲလ်စီးယပ်စ်အထိ ရှိနေခဲ့ပြီး ကွင်းမြက်ခင်းပြင်ကလည်း ခြောက်သွေ့ အရောင်ဖျော့နေခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ကွင်းတာဝန်ရှိသူတွေက ဒါမျိုး စီစဉ်ခဲ့တာဖြစ်ပြီး ဘယ်လင်ဟမ်၊ ဗီနီရှပ်စ်တို့ရဲ့ ဂျာစီပေါ်က ဒီအစွန်းအထင်းတွေကို ပရိသတ်တွေက သတိထားမိခဲ့ကြတာပါ။

ဒါမျိုးကို ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပြုလုပ်ခဲ့ပြီး အင်္ဂလန်ကစားသမားတွေရဲ့ ဂျာစီအဖြူရောင်ပေါ်မှာ အခုလိုမျိုးပဲ အစိမ်းရောင် အစွန်းအထင်းတွေကို မြင်တွေ့ခဲ့ရဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က