ကရူးစ်နဲ့ မိုဒရစ်ကို ကမ်းလှမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဆော်ဒီအာရေဗျဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ကွင်းလယ်ဝင်ရိုးနှစ်ယောက်ဖြစ်တဲ့ တိုနီကရူးစ်နဲ့ မိုဒရစ်တို့ နှစ်ယောက်ကို မြင့်မားတဲ့ ငွေကြေးမက်လုံးတွေနဲ့ ရှေ့ဆင့်နောက်ဆင့် ခေါ်ယူဖို့ ကြိုးစားခဲ့ကြပေမယ့် သူတို့ရဲ့ ကြိုးစားမှုတွေက အရာမထင်ခဲ့ကြောင်း သိရှိရပါတယ်။ ဆော်ဒီကလပ် အယ်လ်အီတီဟတ်ဟာ ဒီနွေမှာ ရီးရဲလ်မက်ဒရစ် အသင်းခေါင်းဆောင် ဘန်ဇီမာကို ခေါ်ယူခဲ့ပြီးဖြစ်ပါတယ်။



ဒါ့အပြင် သူတို့က ချဲလ်ဆီးကွင်းလယ်လူ ကန်တေကိုလည်း ထပ်မံခေါ်ယူခဲ့ကြပြီး ယခင် ရှိနှင့်ပြီးသား ရော်နယ်ဒိုနဲ့အတူ ဆော်ဒီပရိုလိဂ်မှာ ကြယ်ပွင့်တွေ စုံလင်စေဖို့ ဆက်တိုက် ကြိုးစားနေတာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း သူတို့က ရီးရဲလ်မက်ဒရစ်ရဲ့ ဝါရင့်ကစားသမားကြီးတွေကို ထပ်မံ ပစ်မှတ်ထားခဲ့ဖြစ်ပြီး ကရူးစ်နဲ့ မိုဒရစ်တို့ နှစ်ယောက်လုံးကတော့ ငြင်းဆန်ပယ်ချခဲ့ပါတယ်။

ကရူးစ်အတွက် ဆော်ဒီဘက်က စတင်ချဥ်းကပ်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က အသင်းမှာပဲ ကစားသမားဘဝကို အနားယူလိုတာကြောင့် ငြင်းဆန်ပယ်ချခဲ့ပါတယ်။ ကရူးစ်ဟာ အသင်းနဲ့ နောက်ထပ် တစ်နှစ် စာချုပ်သက်တမ်း တိုးမှာဖြစ်ပြီး တရားဝင်မကြေညာသေးသည့်တိုင် သေချာသလောက် ရှိနေပြီးသား အခြေအနေတစ်ရပ်လို့လည်း ဆိုနိုင်ပါတယ်။ အဲ့ဒီနောက် လာမယ့်ဘောလုံးရာသီအကုန်မှာ ကရူးစ်တစ်ယောက် အနားယူဖွယ်ရှိပါတယ်။

ဒါ့အပြင် မိုဒရစ်ကိုလည်း ဆော်ဒီဘက်က ကမ်းလှမ်းခဲ့ပြီး အဆိုပါ ခရိုအေးရှားအသင်းခေါင်းဆောင်ကလည်း ကရူးစ်နည်းတူ ဆော်ဒီဘက်က ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။ ဒီကစားသမားနှစ်‌ယောက်လုံးက ကစားသမားဘဝ နေဝင်ချိန်ကို ရောက်ရှိနေသည့်တိုင် ရီးရဲလ်မက်ဒရစ် ကွင်းလယ်အတွက် တန်ဖိုးရှိနေဆဲ ကစားသမားတွေဖြစ်ပြီး ဒီအသင်းမှာပဲ ကစားသမားဘဝကို အဆုံးသတ်ဖို့ ရည်ရွယ်ထားကြတာပါ။

ဆော်ဒီလိဂ်ဟာ ငွေကြေးအလုံးအရင်း အသုံးပြုပြီး ဥရောပက ကြယ်ပွင့်တွေကို ခေါ်ယူဖို့ ပစ်မှတ်ထားလျက်ရှိပါတယ်။ သူတို့အနေနဲ့ မက်ဆီကိုလည်း ကမ္ဘာ့စံချိန်တင် လုပ်ခလစာနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ကာယကံရှင်ကိုယ်တိုင်က မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီကို ရွေးချယ်သွားခဲ့ပြီး ယူနိုက်တက်ဂိုးသမား ဒီဂီယာကိုလည်း ချဥ်းကပ်ခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က ယူနိုက်တက်မှာသာ ဆက်ကစားဖို့ ဆန္ဒရှိခဲ့ပါတယ်။

Share

Loading Next Article...
က္က