ဟာဇက်နဲ့ပတ်သက်လို့ လိုင်လီအကယ်ဒမီဒါရိုက်တာက ပြောကြားခဲ့တာပါ။

ရီးရဲယ်မက်ဒရစ် တောင်ပံကစားသမား ဟာဇက်အနေနဲ့ ရီးရဲယ်မက်ဒရစ်မှာ သူ့ကိုယ်သူ ခေါင်းဆောင်တစ်ယောက်အဖြစ် မခံစားရဘူးဆိုရင် အသင်းကထွက်ခွာသွားလိမ့်မယ်လို့ လိုင်လီအကယ်ဒမီ ဒါရိုက်တာ ဗန်ဒမ်မေက ဆိုပါတယ်။



ဗန်ဒမ်မေဟာ ပြီးခဲ့တဲ့ (၂၀၀၅) မှာ ဟာဇက်ကို ရှာဖွေစင်တင်ပေးခဲ့သူတစ်ယောက်ဖြစ်ပြီး ဟာဇက်အကြောင်းကို ကောင်းကောင်းသိထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်လို့ဆိုနိုင်ပါတယ်။ ဟာဇက်ဟာ ပြီးခဲ့တဲ့ (၂၀၁၉) မှာ ရော်နယ်ဒိုနေရာအစားထိုးဖို့ ချဲလ်ဆီးကနေ ရီးရဲယ်မက်ဒရစ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀) နဲ့ ပြောင်းရွှေ့သွားတဲ့ ကစားသမားပါ။

ဒါပေမယ့် ရီးရဲယ်မက်ဒရစ်မှာတော့ ဟာဇက်က ရော်နယ်ဒိုနေရာကို ဆက်ခံနိုင်ခြင်းမရှိဘဲ ဒဏ်ရာနဲ့ ကြံ့ခိုင်မှုပြဿနာတွေကြောင့် လက်ရှိအချိန်အထိ ရုန်းကန်နေရဆဲလည်းဖြစ်ပါတယ်။ ဟာဇက်အနေနဲ့ ရီးရဲယ်မက်ဒရစ်ကနေ ပြန်လည်ထွက်ခွာဖို့အတွက်လည်း သတင်းတွေထွက်ပေါ်နေပြီး ဒီအပေါ်မှာတော့ ဗန်ဒမ်မေက အခုလိုပြောကြားခဲ့ပါတယ်။

ဗန်ဒမ်မေက “ဟာဇက်အနေနဲ့ သူ့ကိုယ်သူ ခေါင်းဆောင်တစ်ယောက်လို ခံစားရဖို့ လိုအပ်ပါတယ်။ အဝတ်လဲခန်းအတွင်းမှာ ခေါင်းဆောင်ဖြစ်ရုံတင်မကပါဘူး။ နည်းစနစ်ပိုင်းအရပါ သူက ခေါင်းဆောင်ကောင်းဖြစ်ချင်တာပါ”

“အသင်းရဲ့ ကစားပုံအတွက် သူက အရေးပါတဲ့ ကစားသမားတစ်ယောက်လို့ သူ့ကိုယ်သူတွေးမိသင့်ပြီး ရီးရဲယ်မက်ဒရစ်အနေနဲ့လည်း ဟာဇက်ကို ကစားကွက်အတွက် အရေးပါတဲ့ ကစားသမားအဖြစ် ထားရှိသင့်ပါတယ်။ သူ့အတွက် အဲ့ဒါမျိုးတွေ လိုအပ်ပါတယ်”

“အဲ့ဒီလိုမှမဟုတ်ရင်တော့ သူ ရီးရဲယ်မက်ဒရစ်ကို စွန့်ခွာသွားပါလိမ့်မယ်” လို့ သတိပေးပြောကြားခဲ့ပါတယ်။ အသက် (၃၀) အရွယ်ရှိပြီဖြစ်တဲ့ ဟာဇက်ဟာ လာမယ့်အပြောင်းအရွှေ့မှာတော့ အသင်းဟောင်းချဲလ်ဆီးကို ပြန်လာဖို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

ချဲလ်ဆီးပိုင်ရှင် အေဘရာမိုဗစ်ချ်က ဟာဇက်ရဲ့ပရိသတ်တစ်ယောက်ဖြစ်ပြီး ချဲလ်ဆီးပရိသတ်တွေကလည်း သူ့ကို စတမ်းဖို့ဒ်ဘရစ်ချ်ဆီပြန်ခေါ်ဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။ 

Share

က္က