မကြာခင်မှာ အပြီးသတ်လက်မှတ်ရေးထိုးကာ အတည်ပြုသွားဖွယ်ရှိနေပါတယ်။

ပီအက်စ်ဂျီတိုက်စစ်မှူးဘတ်ပီဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိသွားပြီလို့ The Athletic က ဖော်ပြလိုက်ပါတယ်။ စာရွက်ပေါ်မှာ လက်မှတ်ရေးထိုးရခြင်းမရှိသေးပေမယ့် စပိန်အသင်းကြီးဟာ ဘတ်ပီကို ခေါ်ယူနိုင်ဖို့ သေချာသလောက်ရှိသွားခဲ့ပြီလို့သိရကာ မကြာခင်မှာ အပြောင်းအရွှေ့ကို အတည်ပြုကြေညာဖွယ်ရှိနေပါတယ်။ 

မနေ့ကမှ ဘတ်ပီက သူ့ရဲ့အနာဂတ်အတွက် ဆုံးဖြတ်ချက်တွေချမှတ်ပြီးပြီဖြစ်ကာ မကြာခင်မှာ အသိပေးသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့သာ ဖြစ်ပေါ်လာခဲ့မယ်ဆိုရင်တော့ ဘောလုံးသမိုင်းထဲက အပြောင်းအရွှေ့တွေထဲမှာ ပရိသတ်တွေကို အကြီးအကျယ်လှုပ်ခတ်စေမယ့် သတင်းတခုအဖြစ် ထွက်ပေါ်လာမှာလည်းဖြစ်ပါတယ်။ 

အသက် ၂၃ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးဟာ လီဂူးရွှေဖိနပ်ဆုကိုရယူနိုင်ဖို့ နီးစပ်နေပြီး လီဂူးတနှစ်တာအကောင်းဆုံးကစားသမားဆုတွေကိုတော့ ဆွတ်ခူးထားပြီးဖြစ်ပါတယ်။ ဒီရာသီ ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ သွင်းဂိုး ၄၀ နဲ့အထက် တိုက်ရိုက်ပါဝင်ပတ်သက်နိုင်တဲ့ တဦးတည်းသောကစားသမားအဖြစ်နဲ့လည်း ဘတ်ပီက ရပ်တည်နိုင်ခဲ့ပါတယ်။ 

ဘတ်ပီကို ရီးရဲလ်မက်ဒရစ်က အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူနိုင်မှာဖြစ်ကာ လက်မှတ်ထိုးခအဖြစ် တန်ဖိုးတခုခုတော့ ပေးချေရဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ ရီးရဲလ်ဘက်က ယူရိုသန်း ၂၀၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပီအက်စ်ဂျီက ပယ်ချခဲ့ပြီး စာချုပ်သစ်အတွက် ကြိုးစားခဲ့ပေမယ့် လက်ရှိအချိန်ထိ အဆင်ပြေခဲ့ခြင်းမရှိတာကြောင့် အလွတ်ထွက်ခွာခွင့်ပေးရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က