အမေရိကန်မှာ ကစားသွားမှာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ လာမယ့်နွေရာသီမှာ ရာသီကြိုခြေစမ်းပွဲအဖြစ် ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ကစားဖို့ အတည်ပြုနိုင်ခဲ့ပြီဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်နွေရာသီမှာ ရာသီကြို ခရီးစဥ်အဖြစ် အမေရိကန်နိုင်ငံကို ခရီးထွက်ခွာဖို့လည်း ပြင်ဆင်ထားပါတယ်။



ဒီခရီးစဥ်အတွင်းမှာ ယူနိုက်တက်က ရီးရဲလ်မက်ဒရစ်နဲ့ ခြေစမ်းပွဲအဖြစ် ရင်ဆိုင်ကစားမှာဖြစ်ပြီး ဒီပွဲကိုတော့ ဇူလိုင်လ (၂၆) ရက်နေ့၊ ဟူစတန်မြို့မှာ ရင်ဆိုင်သွားမယ်လို့ သိရှိရပါတယ်။ ယူနိုက်တက်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ပွဲမတိုင်ခင် (၂၄) နာရီအလိုမှာ ဝရက်စ်ဟမ်းနဲ့ ဆန်ဒီယေဂိုမှာ ယှဥ်ပြိုင်ကစားသွားဖို့လည်း စီစဥ်ထားပါသေးတယ်။

ဒါ့အပြင် ယူနိုက်တက်ဟာ ဇူလိုင်လ (၂၂) ရက်နေ့မှာ အာဆင်နယ်၊ ဇူလိုင်လ (၃၀) ရက်နေ့မှာ ဒေါ့မွန်တို့နဲ့လည်း ရာသီကြိုခရီးစဥ်အဖြစ် ယှဥ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်တို့ အမေရိကန်နိုင်ငံမှာ နောက်ဆုံးကစားခဲ့တာက (၂၀၁၄) ခုနှစ်က မီချီဂန်မှာဖြစ်ပါတယ်။

အဆိုပါပွဲကို ပရိသတ်ပေါင်း (၁၀၉,၃၁၈) ယောက်အထိ တက်ရောက် ကြည့်ရှုခဲ့ပြီး ဒါက အမေရိကန်နိုင်ငံအတွင်း ပရိသတ်အများဆုံး ဘောလုံးပွဲတစ်ပွဲအဖြစ် အခုချိန်အထိ စံချိန်မှတ်တမ်းဝင်နေဆဲပါ။ ယူနိုက်တက်ရဲ့ ဘောလုံးဒါရိုက်တာ ဂျွန်မာတာ့ဖ်က “ဒါက အမေရိကန်နိုင်ငံမှာရှိတဲ့ ကျွန်တော်တို့ ပရိသတ်တွေအတွက် ပွဲကြီးပွဲကောင်းပါ”

“သူတို့အတွက် ကမ္ဘာ့ဘောလုံးလောကရဲ့ အကြီးကျယ် အခမ်းနားဆုံး ဘောလုံးပွဲတွေထဲက တစ်ပွဲကို ပေးစွမ်းဖို့ အခွင့်အရေးရလာခဲ့ပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ဖိအားဝင်နေပြီး ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်မှာ တွေ့ခွင့်ရ၊ မရ မသေချာပေမယ့် နွေရာသီမှာတော့ သေချာပေါက် ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က