အွန်နရီကတော့ ရီးရဲလ်နဲ့ တွေ့ဆုံသွားမယ်လို့ ဆိုပါတယ်။

လာမယ့် ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ပြင်သစ်နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်သွားမယ့် အွန်နရီက သူ့ကစားသမားတွေကို စိတ်တိုင်းကျ ရွေးချယ်ခေါ်ယူနိုင်ရေး ရီးရဲလ်မက်ဒရစ်နဲ့ ထိပ်တိုက်တွေ့သွားမယ်လို့ ပြောကြားလိုက်ပါတယ်။ အွန်နရီရဲ့ အသင်းဟာ ယူ-၂၁ ကစားသမားတွေကိုပဲ ရွေးချယ်ခွင့်ရရှိမှာပါ။



ဒါပေမယ့် အသက်ကျော် ကစားသမား (၃) ယောက်အထိ ရွေးချယ်နိုင်ခွင့်ရှိပြီး ဒီအတွက် ချူအာမန်နီ၊ ကာမာဗင်ဂါနဲ့ အမ်ဘာပေတို့ကို ရွေးချယ်သွားဖို့ သတင်းထွက်နေပါတယ်။ ချူအာမန်နီ၊ ကာမာဗင်ဂါတို့ဟာ ရီးရဲလ်မက်ဒရစ်ကစားသမားတွေဖြစ်ကြပြီး အမ်ဘာပေကလည်း ရီးရဲလ်မက်ဒရစ်ကို လာမယ့်နွေရာသီမှာ ပြောင်းရွှေ့ဖို့ သေချာသလောက် ရှိနေပါတယ်။။

ရီးရဲလ်မက်ဒရစ်ကတော့ သူတို့ရဲ့ ကစားသမားတွေကို ယူရို ဒါမှမဟုတ် အိုလံပစ် ပြိုင်ပွဲတစ်ခုတည်းကိုသာ စေလွှတ်သွားမှာဖြစ်ပါတယ်။ ဒီအချက်ကြောင့် ပြင်သစ်နဲ့ ထိပ်တိုက်တွေ့နိုင်ဖွယ်ရှိပြီး အွန်နရီကလည်း သူ့အသင်းအတွက် အခုလိုမျိုးပဲ ပြောကြားလာခဲ့တာပါ။​

အွန်နရီက “ရီးရဲလ်မက်ဒရစ်ကလည်း အသင်းအဖွဲ့တစ်ခုဆိုတာကို ကျွန်တော်တို့ ကောင်းကောင်းနားလည်ပါတယ်။ ဒါပေမယ့် တစ်ခုခုက သူ့နေရာနဲ့သူ ရှိနေရမှာပါ။ ကျွန်တော် သူတို့ဆီကို အီးမေးလ်ပို့ပြီး အစည်းအဝေးလုပ်နိုင်မလား မေးမှာပါ။ တကယ်လို့ သူတို့က မရဘူးဆိုတော့လည်း မရဘူးပေါ့ဗျာ”

“ကျွန်တော့်လက်ထဲမှာ တစ်စုံတစ်ခုကို အရယူနိုင်တဲ့ ကတ်တွေလည်း မကိုင်ထားနိုင်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ ချူအာမန်နီကလည်း သူ့အနေနဲ့ ပြင်သစ်အိုလံပစ်အတွက် ကစားပေးချင်သည့်တိုင် အသင်းဘက်က ဗီတိုအာဏာကို အသုံးပြုခဲ့သည်ရှိသော် လွန်ဆန်နိုင်မှာ မဟုတ်ကြောင်း ပြောကြားထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က