ဘယ်လ်ဂျီယံတောင်ပံကစားသမားဟာ ရီးရဲလ်ကို ၂၀၁၉ ခုနှစ်မှာ ပေါင် ၁၁၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပေမယ့် စပိန်မှာရုန်းကန်နေခဲ့ရပါတယ်။
ချယ်လ်ဆီးနဲ့ ရီးရဲလ််မက်ဒရစ်တို့ကြားမှာ အလွတ်သဘောဆွေးနွေးမှုတွေပြုလုပ်ပြီးနောက် ဟာဇက်ဟာ အသင်းဟောင်းချယ်လ်ဆီးကို အံ့အားသင့်ဖွယ်ရာ ပြန်လည်ပြောင်းရွှေ့နိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။ ဘယ်လ်ဂျီယံတောင်ပံကစားသမားဟာ ရီးရဲလ်ကို ၂၀၁၉ ခုနှစ်မှာ ပေါင် ၁၁၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပေမယ့် စပိန်မှာရုန်းကန်နေခဲ့ရပါတယ်။
ချယ်လ်ဆီးသူဌေးရိုမန်အေဘရာမိုဗစ်ကလည်း ဟာဇက်အနေနဲ့ အသင်းကိုပြန်လာခဲ့မယ်ဆိုရင် ပုံမှန်ခြေစွမ်းကို ပြန်ရှာဖွေနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်းလည်း ဆိုပါတယ်။ ချယ်လ်ဆီးဘက်က ပီရက်ဇ်ကို မေးမြန်းမှုတွေပြုလုပ်ခဲ့ပြီး သတင်းတွေအရတော့ ကစားသမားပြန်လည်ပြောင်းရွှေ့နိုင်ဖို့ တံခါးက ပွင့်ဟနေတယ်လို့ သိရပါတယ်။
ရီးရဲလ်အနေနဲ့လည်း ဟာဇက်အပေါ် မျှော်လင့်ချက်ကြီးစွာနဲ့ ခေါ်ယူခဲ့ပေမယ့်လညး် ထင်သလိုဖြစ်မလာတဲ့အပေါ်မှာ စိတ်ပျက်နေပြီလို့ သိရပါတယ်။ ဒါပေမယ့်လည်း ကစားသမားအတွက်ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေးပေါင်သန်း ၁၀၀ ကျော်ရဲ့ တစိတ်တပိုင်းကိုတော့ ပြန်လည်ရယူချင်နေပြီး ချယ်လ်ဆီးဘက်ကတော့ ပေါင် ၃၃သန်းထက် ပိုပေးချင်တဲ့ဆန္ဒမရှိဘူးလို့ Daily Mail က ဖော်ပြခဲ့ပါတယ်။