ရိုးမားနည်းပြကြီးမော်ရင်ဟိုကတော့ သူ့ကို ဝေဖန်တိုက်ခိုက်ခဲ့တဲ့ အီတလီတိုက်စစ်မှူးဟောင်း ကာဆာနိုကို ပြန်တုံ့ပြန်လိုက်ပါပြီ။ ရီးရဲလ်မက်ဒရစ်အနေနဲ့ မော်ရင်ဟိုလို ဘောလုံးအကြောင်း ဘာမှမသိတဲ့သူကို နည်းပြအဖြစ် ပြန်မခန့်ဖို့အတွက ကာဆာနိုက ပြောဆိုခဲ့တာဖြစ်ပြီး ဒီအပေါ်မှာ မော်ရင်ဟိုက အားလုံးထင်မှတ်ထားတဲ့အတိုင်း တုံ့ပြန်မှုတွေ လုပ်သွားခဲ့တာပါ။
မော်ရင်ဟိုက "လူတိုင်းမှာ သူတို့စိတ်ကြိုက်ရွေးချယ်ခွင့်ရှိသလို ဝေဖန်ခွင့်လည်း ရှိပါတယ်၊ ဒါပေမယ့် ကာဆာနိုလိုမျိုး သူများအကြောင်းကို ပြောတဲ့အခါမှာတော့ ကွဲပြားမှုတွေရှိပါတယ်၊ ကျနော်တို့ထဲက တချို့က ဘောလုံးလောကမှာ ကျင်လည်နေပြီး သူတို့အတွက်ပဲ သူတို့ ပျော်ရွှင်ချင်ကြပါတယ်၊ ကာဆာနိုက ရိုးမား၊ အင်တာနဲ့ ရီးရဲလ်တို့မှာ ကစားခဲ့တဲ့သူပါ"
"မက်ဒရစ်မှာဆိုရင် သူ့ကို အမှတ်ရနေမှာဆိုလို့ သူဝတ်ခဲ့တဲ့ အနွေးထည်ပဲရှိတာပါ၊ ရိုးမားမှာလည်း သူ စူပါဖလားတလုံးတည်းရခဲ့ပြီး ကစားတောင်မကစားပေးခဲ့ရဘူး၊ အင်တာမီလန်မှာဆိုရင်လည်း သူက ချစ်ကြည်ရေးဖလားကို မကစားပေးရဘဲ သူ ရခဲ့တာပါ" လို့ ပြန်လည်တုံ့ပြန်သွားခဲ့ကာ ကာဆာနိုတယောက် ခေါင်းမဖော်နိုင်အောင်ကို လုပ်သွားခဲ့ပါတယ်။
ကာဆာနိုကတော့ သူ့ကိုထိရင် တစက်မှမခံတဲ့ မော်ရင်ဟိုလို လူစားမျိုးကိုမှ သွားဝေဖန်ခဲ့တာကြောင့် သူ့ကစားသမားဘ၀မှာ ရခဲ့တဲ့ ရှားရှားပါးပါးအောင်မြင်မှုတွေကို ထောက်ပြကာ ပြန်အပြောခံလိုက်ရပါတယ်။ ကာဆာနိုက မော်ရင်ဟိုကို ဝေဖန်ခဲ့ချိန်မှာ သူ ဘယ်လိုတုံ့ပြန်ခံရမလဲ အားလုံးက စောင့်နေခဲ့တာဖြစ်ပြီး အခုတော့ မော်ရင်ဟိုက သူ့ကို ရစရာမရှိအောင်ကို ပြန်ပြောလိုက်ပြီဖြစ်ပါတယ်။