မန်စီးတီးကတော့ ရီးရဲလ်မက်ဒရစ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မတိုင်ခင်မှာပဲ ဗင်နီရှပ်နဲ့ ရိုဒရိုင်ဂိုတို့ ဂိုးသွင်းတာကို ခံနေရပြီလို့ ပရိသတ်တွေက ပြောနေကြပါပြိ။ ဒီနှစ်သင်းဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ၂ ရာသီဆက်တိုက် ရင်ဆိုင်ရတာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးကို အနိုင်ရလုနီးပါးဖြစ်ပြီးခါမှ အရေးနိမ့်ခဲ့ရပါတယ်။
ဒီရာသီတွေ့ဆုံမှုကိုလည်း ပရိသတ်တွေက စိတ်ဝင်စားနေကြပြီး မန်စီးတီးရဲ့ ခြေစွမ်းပြနေမှုတွေက ချန်ပီယံလိဂ်မှာဆိုရင် ကံဇာတာရော၊ ရလဒ်ပါ အခြားအသင်းတွေထက် ပိုမိုသာလွန်ကောင်းမွန်တဲ့ ရီးရဲလ်ကို ကျော်ဖြတ်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုဖို့အတွက် စောင့်ဆိုင်းနေကြပါတယ်။
တိုက်ဆိုင်တာကတော့ ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ မန်စီးတီးရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဗင်နီရှပ်နဲ့ ရိုဒရိုင်ဂိုတို့က သူတို့ကို ဂိုးသွင်းခဲ့တာပါ။ ဖူလ်ဟမ်နဲ့ပွဲမှာ ဗင်နီရှပ်က မန်စီးတီးဘက်ကို တဂိုးသွင်းခဲ့ကာ မနေ့ညကပွဲမှာလည်း ရိုဒရိုင်ဂိုက လိဒ်အတွက် ချေပဂိုးကို သွင်းယူပေးခဲ့တာပါ။ ဒါဟာ ထူးခြားတိုက်ဆိုင်စွာပဲ ရီးရဲလ်က ကစားသမားနှစ်ဦးနဲ့ နာမည်တိုက်ဆိုင်နေခဲ့တာပါ။
ရီးရဲလ်တောင်ပံကစားသမားဗင်နီရှပ်နဲ့ ရိုဒရိုင်ဂိုတို့ကလည်း ခြေစွမ်းပြနေတာဖြစ်ပြီး မန်စီးတီးဟာ ဒီကစားသမားတွေရဲ့ နာမည်နဲ့ ဆင်တူတဲ့ ပရီးမီးယားလိဂ်ကစားသမားတွေ ဂိုးသွင်းတာကို ခံခဲ့ရလို့ ပရိသတ်တွေကတော့ ဒါဟာ မန်စီးတီးအတွက်တော့ ကြိုတင်နိမိတ်ဖိတ်သလိုဖြစ်နေပြီလို့ ပြောဆိုနေကြပါတယ်။ တကယ်လည်းပဲ ထူးထူးခြားခြားကို တိုက်ဆိုင်နေခဲ့တာဖြစ်ပါတယ်။