အာဒါဂူလာရဲ့ ခြေစွမ်းကို ပရိသတ်တွေက ချီးကျူးနေကြတာပါ။

ရီးရဲလ်မက်ဒရစ်တို့ ဖီနာဘာချီကနေ လက်ရှိနွေရာသီမှာ ခေါ်ယူထားတဲ့ အသက် (၁၈) နှစ်အရွယ် အာဒါဂူလာဟာ အသင်းနဲ့ ပထမဆုံး လေ့ကျင့်ခန်း အစီအစဥ်မှာတင် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါကြယ်ပွင့်လေးအတွက် ရီးရဲလ်မက်ဒရစ်တို့ ဖီနာဘာချီကို ပြောင်းရွှေ့ကြေး ပေါင် (၂၅) သန်း ပေးချေခဲ့ရပါတယ်။



အာဒါဂူလာကို ခေါ်ယူဖို့ ဘာစီလိုနာကလည်း စိတ်ဝင်စားခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ မိုဒရစ်နဲ့ ကစားသမားဟောင်း အိုဇေးလ်တို့က အာဒါဂူလာကို စည်းရုံးသိမ်းသွင်းခဲ့ပြီး နောက်ဆုံးမှာတော့ ကစားသမားကိုယ်တိုင်က ရီးရဲလ်မက်ဒရစ်ကိုသာ ရွေးချယ်ခဲ့တာပါ။ ဒါ့အပြင် သူဟာ အသင်းရဲ့ ပထမဆုံး လေ့ကျင့်ခန်းအစီအစဥ်ကို အစောဆုံး ရောက်ရှိလာခဲ့တဲ့ ကစားသမားတွေထဲက တစ်ယောက်ဖြစ်ခဲ့ပါတယ်။

အာဒါဂူလာအနေနဲ့ အသင်းနဲ့ ပထမဆုံးလေ့ကျင့်ခန်း အစီအစဥ်မှာတင် ခြေစွမ်းကောင်းတွေ၊ အနေအထားကောင်းတွေကို ပြသနိုင်ခဲ့ပြီး ပရိသတ်တွေကတော့ ဒီကြယ်ပွင့်လေးရဲ့ ခြေစွမ်းကို ချီးကျူးနေကြပါတယ်။ အာဒါဂူလာရဲ့ ဘောလုံးလက်ခံရယူပုံ၊ ပေးပို့ပုံတွေက သပ်ရပ်မှုရှိနေပြီး ရီးရဲလ်မက်ဒရစ်ပရိသတ်တွေကတော့ ဆိုရှယ်မီဒီယာပေါ်မှာ ဖွင့်ဟချီးကျူးခဲ့ကြပါတယ်။

ပရိသတ်တွေက “ဒီကောင်လေးက ပြိုင်ဘက်နောက်တန်းက ရိုးစင်းတဲ့ ပေးပို့မှုတစ်ခုလောက်နဲ့ကို ဖြိုချနိုင်မှာပါ” “ငါ အခုတော့ ရီးရဲလ်မက်ဒရစ်ပရိသတ်ဖြစ်ရတာကို အရမ်း စိတ်လှုပ်ရှားနေပါပြီ” “အာဒါဂူလာရဲ့ ပွဲအပေါ် အမြင်က သူ့ရဲ့ အသက်အရွယ်မှာ တကယ်ကို အံ့အားသင့်စရာကောင်းနေပါပြီ” “ဗီဒီယိုထဲမှာ သူ့ရဲ့ပေးပို့မှုကို မြင်တွေ့ခဲ့ရပြီး နည်းပြအဖွဲ့ဝင်တွေကတောင် လက်ခုပ်တီး ချီးကျူးခဲ့ကြပါတယ်” လို့ အသီးသီးမှတ်ချက်ပြုခဲ့ကြပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ ဒီနွေရာသီအတွက် ပထမဆုံး လေ့ကျင့်ခန်း အစီအစဥ်မှာ နောက်ထပ် ကစားသမားသစ် ဘယ်လင်ဟမ်လည်း ပါဝင်ခဲ့ပြီး ဒီကစားသမားတွေက အသင်းနဲ့အတူ ရာသီကြိုခရီးစဥ်ကို လိုက်ပါသွားကြမှာဖြစ်ပါတယ်။ အာဒါဂူလာအနေနဲ့လည်း လာမယ့်ရာသီသစ်မှာ ရီးရဲလ်မက်ဒရစ်အသင်းကြီးနဲ့အတူ အခွင့်အရေးရလာမှာဖြစ်ပြီး ဘယ်လောက်အထိ တောက်ပနိုင်မလဲ စောင့်ကြည့်ရမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က