အမ်ဘာပေကတော့ ဘာမှမဖြေသွားတော့ပါဘူး။

ပီအက်စ်ဂျီ တိုက်စစ်ကစားသမား အမ်ဘာပေကတော့ မနေ့ညက ဒေါ့မွန်နဲ့ပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ နည်းနည်းလေး တင်းသွားခဲ့တယ်လို့ ပြောရမှာပါ။ ဒီပွဲမှာ ပီအက်စ်ဂျီတို့ ဒေါ့မွန်ကို အိမ်ကွင်းမှာ ၀-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာပါ။



ပထမအကျော့ ဒေါ့မွန်ကွင်းမှာလည်း ပီအက်စ်ဂျီက ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၂-၀ ဂိုးနဲ့ ပီအက်စ်ဂျီတို့ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပါတယ်။ အမ်ဘာပေကလည်း ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ဒုတိယအကြိမ် တက်ရောက်နိုင်မယ့် အခွင့်အရေး လွဲချော်ခဲ့ပါတယ်။

အမ်ဘာပေဟာ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ပီအက်စ်ဂျီပရိသတ်တွေကို မျက်ရည်တွေနဲ့ နှုတ်ဆက်သွားခဲ့ပါတယ်။ အဆိုပါ ပြင်သစ်ကြယ်ပွင့်က လာမယ့်နွေရာသီမှာ ပီအက်စ်ဂျီနဲ့ လမ်းခွဲတော့မှာြဖစ်ပြီး ဒါက သူ့အတွက် ပီအက်စ်ဂျီ​ကစားသမားဘဝ နောက်ဆုံးသော ချန်ပီယံလိဂ်ပွဲလည်း ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာတော့ အမ်ဘာပေအတွက် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရပါတယ်။ သတင်းထောက်တစ်ယောက်က အမ်ဘာပေကို “ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ် ဘယ်အသင်းကို အားပေးမှာလဲ” လို့ မေးမြန်းခဲ့ရာ အမ်ဘာပေက မျက်လုံးနဲ့တစ်ချက်ပဲကြည့်၊ ဘာမှမဖြေဘဲ ထွက်သွားခဲ့ပါတယ်။​

ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေ ပြောင်းရွှေ့မယ့် အသင်းအဖြစ် သတ်မှတ်ခံထားရပြီး ပီအက်စ်ဂျီက ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ လွဲသွားချိန်မှာ ဒီည ကစားမယ့် ရီးရဲလ်နဲ့ ဘိုင်ယန်ပွဲက ဘယ်အသင်း ချန်ပီယံလိဂ်ဖိုင်နယ် တက်မလဲ အမေးခံရတာက အမ်ဘာပေအတွက် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရမှာ သေချာပါတယ်။

Share

Loading Next Article...
က္က