အမ်ဘာပေနဲ့ ရီးရဲယ်တို့ စာချုပ်ချုပ်ပြီးပြီလို့ ဆိုလာတာပါ။

ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ရီးရဲယ်မက်ဒရစ်နဲ့ အကြိုသဘောတူညီမှု စာချုပ်တရပ်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ အခိုင်အမာ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ အမ်ဘာပေဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ အသင်းသစ်တသင်းနဲ့ အကြိုသဘောတူညီမှု ရယူခွင့်ရှိတဲ့ ကစားသမားပါ။



သူနဲ့ ပီအက်စ်ဂျီကြား ချုပ်ဆိုထားတဲ့ စာချုပ်က အခုဆိုရင် (၃) လသာ ကျန်ရှိတော့ပြီး စာချုပ်သစ်အတွက်လည်း ပီအက်စ်ဂျီဘက်က အကြိမ်ကြိမ် ကမ်းလှမ်းနေသည့်တိုင် သဘောတူညီမှု မရရှိသေးပါဘူး။ အမ်ဘာပေဟာ ပီအက်စ်ဂျီနဲ့အတူ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကမှ ရီးရဲယ်မက်ဒရစ်ကို ချန်ပီယံလိဂ်မှာ ရင်ဆိုင်ကစားခဲ့တာပါ။

အမ်ဘာပေဟာ ရီးရဲယ်မက်ဒရစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် နှစ်ကျော့လုံးမှာ ပီအက်စ်ဂျီအတွက် တဂိုးစီ သွင်းယူပေးနိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီမတိုင်ခင်မှာ အမ်ဘာပေနဲ့ ရီးရဲယ်မက်ဒရစ်တို့အကြား စာချုပ်ချုပ်ဆိုထားပြီး အမ်ဘာပေက ရီးရဲယ်မက်ဒရစ် ကစားသမားဖြစ်နေပြီလို့ သိရပါတယ်။

ဒီအကြောင်းကိုတော့ စပိန်နာမည်ကျော်သတင်းဌာန မာကာရဲ့ သတင်းထောက် ရာမွန်အယ်လ်ဗာရက်ဇ်က အခုလိုပဲ ပြောကြားခဲ့ပါတယ်။ ရာမွန်အယ်လ်ဗာရက်ဇ်က “ကျနော် သိထားရသလောက် အမ်ဘာပေက ပြီးခဲ့တဲ့ ဇန်နဝါရီ (၃၀) မှာ ရီးရဲယ်မက်ဒရစ်နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီးသားပါ။ သူက ရီးရဲယ်မက်ဒရစ် ကစားသမားဖြစ်နေခဲ့ပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။

လာမယ့် သောကြာမှာ အမ်ဘာပေနဲ့ ရီးရဲယ်မက်ဒရစ်တို့ တရားဝင်စာချုပ်ချုပ်နိုင်တယ်လို့ မာကာသတင်းစာကပဲ မနေ့က ဖော်ပြခဲ့ပါသေးတယ်။ အမ်ဘာပေအနေနဲ့ လက်မှတ်ထိုးကြေးအဖြစ် ယူရိုသန်း (၆၀) နဲ့ သန်း (၈၀) အကြားရရှိဖွယ်ရှိပြီး တနှစ်လုပ်ခ အခွန်ဆောင်ပြီး ယူရို (၂၅) သန်း ရရှိသွားမယ်လို့လည်း သိရှိရပါတယ်။ 

Share

က္က