မနေ့ညက ရီးရဲလ်နဲ့ချဲလ်ဆီးပွဲမှာဖြစ်ပွားခဲ့တာပါ။

ချဲလ်ဆီး ကွင်းလယ်လူ ကန်တေအတွက်တော့ မနေ့ညက ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပွဲအတွင်း ပြသခဲ့တဲ့ ခြေစွမ်းက အဆိုးကြီးမဟုတ်ရင်တောင် ကောင်းတဲ့ဘက်လို့ ပြောရလောက်အောင် မရှိပါဘူး။ ဒီပွဲမှာ ချဲလ်ဆီးတို့ အဝေးကွင်းမှာ ၂-၃ ဂိုးနဲ့ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရရှိခဲ့ပါတယ်။



ဒါပေမယ့် အချိန်ပိုအထိ ဆက်ကစားခဲ့ရတဲ့ဒီပွဲအပြီး ရီးရဲလ်မက်ဒရစ်က နှစ်ကျော့ပေါင်းရလဒ် ၅-၄ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ချဲလ်ဆီးတို့ ဆီမီးဖိုင်နယ်နဲ့ လွဲချော်ခဲ့ရပါတယ်။ ဒီပွဲမှာ ချဲလ်ဆီး ကွင်းလယ်က ကန်တေလည်း ပုံမှန်ခြေစွမ်းပြသဖို့ ရုန်းကန်ခဲ့ရပြီး သူ့ရဲ့အမှားတခုအတွက် နောက်ခံလူ ရူဒီဂါရဲ့ ဒေါသတကြီးနဲ့ အော်ဟစ်တာကိုလည်း ခံခဲ့ရပါသေးတယ်။

ပွဲကစားချိန် (၆၇) မိနစ်မှာ ကန်တေက ကွင်းလယ်မှာ ဘောလုံးကို အလွယ်တကူ ဆုံးရှုံးခံခဲ့ပြီး တိုနီကရူးစ်က လုယူသွားခဲ့ပါတယ်။ ကန်တေအနေနဲ့ ဘောလုံးဆုံးရှုံးသွားတဲ့နောက် တိုနီကရူးစ်ကို နောက်ကနေ ဟန့်တားဖို့ ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။



တိုနီကရူးစ်က ဒီဘောလုံးကို လွတ်လွတ်ကျွတ်ကျွတ်ဖြစ်သွားနိုင်တဲ့ ဗီနီရှပ်စ်ရဲ့ ပြေးလမ်းကြောင်းထဲ ချပေးခဲ့ပေမယ့် ရူဒီဂါက အကောင်းဆုံး ဖျက်ထုတ်ဟန့်တားနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ရူဒီဂါတယောက် ကွင်းလယ်ကို ဒေါသတကြီးနဲ့ လှမ်းအော်ဟစ်နေခဲ့တာကို ရုပ်သံမြင်ကွင်းတွေမှာ မြင်တွေ့ခဲ့ရပါတယ်။

အချိန်ပိုဆက်ကစားချိန် ပေးလိုက်ရတဲ့ ဘန်ဇီမာဂိုးမှာလည်း ကန်တေဆီက ဘောလုံးစတင် ဆုံးရှုံးခဲ့တာဖြစ်ပြီး ဒီတကြိမ် ဗီနီရှပ်စ်ရဲ့ ဖြတ်တင်ဘောကို ဘန်ဇီမာခေါင်းတိုက်ချိန်မှာတော့ ရူဒီဂါကိုယ်တိုင်လည်း ခြေချော်လဲသွားခဲ့တာကြောင့် ဘာမှမတတ်နိုင်ဘဲ ဂိုးပေးလိုက်ရပါတယ်။

ချဲလ်ဆီးက ၁-၃ ဂိုးနဲ့ ဦးဆောင်ထားချိန်မှာ ဘန်ဇီမာရဲ့သွင်းဂိုးက အဆုံးအဖြတ်ဖြစ်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်တို့ကို ဆီမီးဖိုင်နယ် တက်ရောက်စေခဲ့တာလည်းဖြစ်ပါတယ်။ ချဲလ်ဆီးက အကောင်းဆုံးပြန်လာဖို့ ကြိုးစားခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကို သုံးဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ကံကြမ္မာမျက်နှာသာမပေးခဲ့တာ၊ ဂိုးသမား မန်ဒီနဲ့ အခြားကစားသမားတွေရဲ့ တဦးချင်းအားနည်းချက်တွေ များပြားခဲ့တာကြောင့် အခုလိုပဲ ကွာတားကနေ လှည့်ပြန်ခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က