ရာမို့စ်နဲ့ ရူဒီဂါ ထိပ်တိုက်တွေ့ခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ဆီဗီလာနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ပွဲစဉ်မှာ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်နဲ့ ပြန်လည်ရင်ဆိုင်ခဲ့ရတဲ့ ရာမို့စ်က လက်ရှိ ရီးရဲလ်မက်ဒရစ်နောက်ခံလူ ရူဒီဂါနဲ့ ကွင်းအတွင်း အချင်းများခဲ့ပါတယ်။ ဒီပွဲက တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီး ပထမပိုင်းမှာလည်း ရီးရဲလ်မက်ဒရစ်ရဲ့ သွင်းဂိုးနှစ်ဂိုးအထိ ပယ်ဖျက်ခံခဲ့ရပါတယ်။



ဒါ့အပြင် ရာမို့စ်ကလည်း ရူဒီဂါနဲ့ အချင်းများခဲ့ပြီး သူတို့နှစ်ယောက်အကြား နှစ်ဖက်ကစားသမားတွေ ဝင်ရောက်ဖျန်ဖြေခဲ့ရပါတယ်။ ပွဲကစားချိန် (၄၂) မိနစ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်မှာ ရာမို့စ်က ရူဒီဂါကို ဒေါသပေါက်ကွဲကာ ထိပ်တိုက်တွေ့ခဲ့ပြီး ရူဒီဂါရဲ့ မျက်နှာကို ကိုင်ကာ ရန်တွေ့ခဲ့တာပါ။


ရာမို့စ်ဟာ ရူဒီဂါရဲ့ ဂျာစီကို ဆွဲကာ ရန်တွေ့ခဲ့သေးပြီး ရူဒီဂါကတော့ အစောပိုင်းမှာ ရယ်မောနေဟန်ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒေါသပေါက်ကွဲကာ ရာမို့စ်ကို ခွန်းတုံ့ပြန်ခဲ့ပါတယ်။ နှစ်ယောက်အကြား အဖြစ်အပျက်ကတော့ ဒီထက် ပိုမိုမကြီးထွားခဲ့ဘဲ အဝါကတ်လည်း မထိခဲ့သလို နှစ်ဖက်ကစားသမားတွေနဲ့ ကွင်းလယ်ဒိုင်တို့က ဖြေရှင်းပေးခဲ့ရပါတယ်။

ပရိသတ်တွေကတော့ “​ရူဒီဂါတစ်ယောက် ရူးနေပုံပဲ။ ဘာကြောင့်လဲဆိုတော့ ရာမို့စ်ရဲ့ မျက်နှာကို ကြည့်ပြီး ဒါမျိုး ရယ်ရဲတဲ့သူကို ကျွန်တော် မမြင်ဖူးလို့ပဲ” လို့ ဆိုရှယ်မီဒီယာပေါ်မှာ မှတ်ချက်ပြုခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ရီးရဲလ်မက်ဒရစ်တို့ အလာဘာရဲ့ Own Goal ကြောင့် ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် ကာဗာဟယ်လ်ရဲ့ ချေပဂိုးကြောင့် သရေတစ်မှတ်​ရရှိခဲ့ပါတယ်။
ရာမို့စ်အတွက်ကတော့ ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာလာပြီးနောက်ပိုင်း အသင်းဟောင်းနဲ့ အခုလိုမျိုး ပြန်လည်ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ရူဒီဂါနဲ့ သူ့အကြား အဖြစ်အပျက်ကတော့ ဒီပွဲအတွက် အဓိကပြောစရာအချက်တစ်ခု ဖြစ်သွားခဲ့ပါတယ်။

Share

Loading Next Article...
က္က