စပိန်သတင်းစာ Marca က ဖွင့်ချလိုက်တာပါ။

ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်အတွက် ခြေစွမ်းပြကစားခဲ့တဲ့ ဘရာဇီးလ်ကြယ်ပွင့်ဗင်နီရှပ်ကို အသင်းနဲ့သက်တမ်းမတိုးဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဗင်နီရှပ်ကို ခေါ်ယူဖို့အတွက် ကြိုးစားမှုရဲ့ တစိတ်တပိုင်းဖြစ်ပြီး မက်မောဖွယ်ရာခံစားခွင့်တွေနဲ့ သူတို့ကမ်းလှမ်းမယ်လို့ အသိပေးခဲ့ကြောင်း စပိန်သတင်းစာ Marca က ဖော်ပြခဲ့ပါတယ်။ 

ဗင်နီရှပ်ဟာ လာလီဂါဖလားနဲ့ ချန်ပီယံလိဂ်ဖလားကို ရီးရဲလ်တို့ဆွတ်ခူးခဲ့ရာမှာ အဓိကကစားသမားအဖြစ်ပါဝင်ခဲ့သူဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲရဲ့ အနိုင်ဂိုးရှင်လည်းဖြစ်ပြီး အသင်းအတွက် သွင်းဂိုးနဲ့ဖန်တီးမှုအများအပြားကို ပြုလုပ်ပေးခဲ့သူလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ သူက အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး ပီအက်စ်ဂျီရဲ့ ရည်မှန်းချက်ကတော့ မအောင်မြင်ခဲ့ဘူးဖြစ်ခဲ့ပါတယ်။ 

နိုဝင်ဘာလကနေ မတ်လအတွင်းမှာ ပီအက်စ်ဂျီဘက်က ဆက်သွယ်မှုတွေပြုလုပ်ခဲ့တာလို့သိရပါတယ်။ သူတို့ရဲ့ ပြောဆိုမှုတွေထဲမှာ ဗင်နီရှပ်စ်ကို တနှစ်လုပ်ခ ယူရိုသန်း ၄၀၊ လက်မှတ်ထိုးကြေးအတွက် ဘောနပ်စ်နဲ့ ကာတာမှာ စီးပွားရေးအခွင့်အလမ်းတွေ ပေးမယ်ဆိုတဲ့အထိ မက်လုံးပေးခဲ့တယ်လို့ စပိန်သတင်းစာက ထုတ်ဖော်ရေးသားခဲ့ပါတယ်။ 


ဗင်နီရှပ်စ်ကလည်း ဒီကမ်းလှမ်းမှုက တန်ဖိုးရှိတယ်လို့ သတ်မှတ်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်မှာပဲ ဆက်ကစားချင်တာကြောင့် ငြင်းဆန်ခဲ့ပြီး စာချုပ်သစ်သာ ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၁ နှစ်အရွယ် ဘရာဇီးလ်တောင်ပံကစားသမားဟာ ရီးရဲလ်အတွက် ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၂၂ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ဂိုးဖန်တီးမှု ၂၂ ကြိမ်ပြုလုပ်ပေးခဲ့ပါတယ်။ 


Share

က္က