ရီးရဲလ်က ယူရိုပါလိဂ်ဆင်းကန်ရတာမျိုး ဖြစ်လာနိုင်တယ်လို့ သူက ဟာသလုပ်ပြောခဲ့တာပါ။

ပြီးခဲ့တဲ့ ဘောလုံးရာသီက ပရီးမီးယားလိဂ်မှာ အဆင့် ၅ နေရာသာ ရရှိခဲ့တာကြောင့် လီဗာပူးလ်ဟာ လာမယ့်ရာသီကို ယူရိုပါလိဂ်ဝင်ခွင့်သာ ရရှိထားခဲ့ပါတ်ယ။ ဒါဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ချန်ပီယံလိဂ်မှာ သူတို့ကို အမြဲတမ်းအနိုင်ရရှိနေခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ကို ရှောင်ရှားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒါပေမယ့် လီဗာပူးလ်ကစားသမား ဂျိုတာကတော့ ယူရိုပါလိဂ်မှာ ရီးရဲလ်နဲ့ တွေ့နိုင်သေးတယ်လို့ ဟာသလုပ်ပြောဆိုခဲ့ပါတယ်။ ဂျိုတာဟာ ၀ုလ်ဗ်ကနေ လီဗာပူးလ်ကို ၂၀၂၀ မှာ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ သူရောက်လာခဲ့ပြီးနောက် ၂၀၂၁ မှာ ကွာတားဖိုင်နယ်၊ ၂၀၂၂ မှာ ဗိုလ်လုပွဲ၊ ပြီးခဲ့တဲ့ရာသီမှာ ၁၆ သင်းအဆင့်တွေမှာ ရီးရဲလ်မက်ဒရစ်ရဲ့ ဖြုတ်ချမှုကို ခံခဲ့ရတာဖြစ်ပါတယ်။ 

ဒါကြောင့် ဂျိုတာက "သူတို့ ချန်ပီယံလိဂ်အုပ်စုမှာ တတိယနေရာရနိုင်တာပဲ၊ ဒါဆိုရင် ကျနော်တို့နဲ့ တွေ့နိုင်သေးတယ်၊ ကျနော် လီဗာပူးလ်ကို ရောက်ချိန်ကစပြီး အမြဲတမ်း ရီးရဲလ်ကို ရှုံးပြီးတော့ ထွက်နေရတာ၊ ဒီတခါတော့ သူတို့တွေ ယူရိုပါလ်ကို မရောက်လာဖို့ မျှော်လင့်ပါတယ်" လို့ FourFourTwo နဲ့တွေ့ဆုံမှုမှာ ပြောဆိုခဲ့ပါတယ်။ 

ဆက်လက်ပြီးတော့လည်း ဂျိုတာက "ကျနော်က ၀ုလ်ဗ်နဲ့ အဲဒီပြိုင်ပွဲ ကစားဖူးပါတယ်၊ ပရိသတ်တွေကတော့ နှစ်တိုင်း ချန်ပီယံလိဂ်ကစားတာကိုပဲ မြင်ချင်တာပါ၊ ဒါက အောက်တန်းဆင်းကန်ရသလိုပဲ ကျနော်လည်း ခံစားရပါတယ်၊ ဒီပြိုင်ပွဲက ဂုဏ်သိက္ခာရှိတဲ့ ပြိုင်ဆိုင်မှုတခုဖြစ်နေတုန်းပါ၊ အနိုင်ရဖို့တော့ အစွမ်းကုန်ကြိုးစားသွားမှာပါ" လို့ ပြောဆိုခဲ့ပါတယ်။ 


Share

Loading Next Article...
က္က