အမ်ဘာပေအတွက် ပီအက်စ်ဂျီတို့ စာချုပ်သစ် ကမ်းလှမ်းခဲ့တာပါ။

အသက် (၂၃) နှစ်အရွယ် ကြယ်ပွင့် တိုက်စစ်မှူး အမ်ဘာပေကို အသင်းမှာ ဆက်ထိန်းထားဖို့ ပီအက်စ်ဂျီတို့ အသည်းအသန်ကြိုးစားနေရပါတယ်။ ကစားသမားနဲ့ စာချုပ်သက်တမ်းက လာမယ့်နွေရာသီမှာ ကုန်ဆုံးမှာကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ရဖို့အတွက် အခုတည်းက စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ လိုအပ်ပါတယ်။



လက်ရှိအချိန်မှာလည်း ရီးရဲယ်မက်ဒရစ်က အမ်ဘာပေကို ပေါင် (၈၃) သန်းတန်ကြေးရှိ စာချုပ်သစ်တရပ်နဲ့ ကမ်းလှမ်းထားတယ်လို့ သိရှိရပါတယ်။ အမ်ဘာပေဟာ ဒီမတိုင်ခင်က ပီအက်စ်ဂျီရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို အကြိမ်ကြိမ် ပယ်ချခဲ့ပြီး မီဒီယာတွေကလည်း အမ်ဘာပေတယောက် ရီးရဲယ်မက်ဒရစ်ကိုသာ ပြောင်းဖို့ ဆန္ဒရှိနေတယ်လို့ ဖော်ပြခဲ့ကြပါတယ်။

မက်ဆီ ရောက်လာတာတောင် ဒီရာသီ ပြင်သစ်လီဂူးမှာ တောက်ပတဲ့ ကစားသမားအဖြစ် ရှိနေဆဲ အမ်ဘာပေအတွက် ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုကို ပြင်သစ် သတင်းဌာန Le Parisien က ဖွင့်ချခဲ့ပါတယ်။ အဆိုပါ သတင်းဌာနရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီဟာ အမ်ဘာပေအတွက် တပတ်လုပ်ခ အခွန်ဆောင်ပြီး ပေါင် (၈) သိန်း ပေးချေမှာဖြစ်ပြီး (၂) နှစ် စာချုပ်ချုပ်ဆိုမှာဖြစ်ပါတယ်။

ဒါ့အပြင် အမ်ဘာပေအနေနဲ့ စာချုပ်သစ်ချုပ်ဆိုရုံနဲ့တင် ယူရိုသန်း (၁၀၀) အထိ ရရှိမှာဖြစ်ပြီး ဒီအပေါ်မှာ အမ်ဘာပေနဲ့ အေးဂျင့်အဖွဲ့ ငြင်းဆန်နိုင်ပါ့မလား စောင့်ကြည့်ရပါလိမ့်မယ်။ လက်ရှိအချိန်အထိတော့ အမ်ဘာပေနဲ့အေးဂျင့်ဘက်က ဘာမှအကြောင်းမပြန်သေးဘူးလို့ သိရပါတယ်။

ဒါပေမယ့် ပီအက်စ်ဂျီတာဝန်ရှိသူတွေကတော့ ဒီတခါ ကမ်းလှမ်းမှုအပေါ် အကောင်းမြင်နေပြီး အမ်ဘာပေကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ ယုံကြည်ချက်ရှိနေပါတယ်။ ဒါ့အပြင် အေးဂျင့်နဲ့ ဆွေးနွေးမှုတွေကလည်း အပေါင်းလက္ခဏာဆောင်နေတာကြောင့် အမ်ဘာပေတယောက် ပီအက်စ်ဂျီမှာပဲ ဆက်နေဖြစ်မလား စောင့်ကြည့်ရပါလိမ့်မယ်။ 

Share

Loading Next Article...
က္က