လီဗာပူးလ်နဲ့ကစားရမယ့် ဗိုလ်လုပွဲကိုအနိုင်ကန်ဖို့ ပြောခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်ရဲ့ နာမည်ကျော်ကစားသမားဟောင်း အီကာကာဆီးလက်စ်က အသင်းဟောင်းအနေနဲ့ ဗိုလ်စွဲဖို့အတွက်ကို သေချာပေါက်လုပ်ဆောင်ရမယ်လို့ သတိပေးလိုက်ပါတယ်။ ဒီလိုမှမဟုတ်ခဲ့ဘူးဆိုရင်တော့ ရှုံးထွက်အဆင့်တွေမှာ ချယ်လ်ဆီး၊ ပီအက်စ်ဂျီ၊ မန်စီးတီးတို့ကို အံ့အားသင့်ဖွယ်ရာခြေစွမ်းတွေနဲ့ ကျော်ဖြတ်နိုင်ခဲ့မှုကို အားလုံးကမေ့သွားကြလိမ့်မယ်လို့ သူက ပြောဆိုခဲ့ပါတယ်။ 

ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ရှုံးထွက်အဆင့်ပွဲတွေမှာ ပြိုင်ဘက်အားလုံးကို နောက်ကနေ လိုက်ကစားပြီးတော့ အနိုင်ယူခဲ့တာဖြစ်ပါတယ်။ ပွဲချိန်နောက်ဆုံးမိနစ်သွင်းဂိုးတွေနဲ့ ရီးရဲလ်မက်ဒရစ်က အံ့အားသင့်ဖွယ်ရာပြန်လာနိုင်ခဲ့ပြီး ပြိုင်ဘက်တွေကို နောက်ကောက်ချနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အနိုင်ရတဲ့အသင်းကိုပဲ မှတ်မိတတ်တဲ့အလေ့အထကြောင့် ဗိုလ်လုပွဲမှာရှုံးခဲ့ရင် ဒီစွမ်းဆောင်မှုတွေက အလကားဖြစ်လိမ့်မယ်လို့ ကာဆီလက်စ်က ပြောဆိုခဲ့တာပါ။ 

"ပြန်လာနိုင်ခဲ့တာတွေက အရမ်းကောင်းမွန်ခဲ့ပါတယ်၊ ဒါပေမယ့် အခုတော့ စိတ်ချရဖို့အတွက် လိုအပ်နေပါပြီ၊ ဒါပေမယ့် ကျနော်တို့ ချယ်ရီတော့ လိုနေပါသေးတယ်၊ ချယ်ရီမပါတဲ့ ကိတ်တလုံးက ပြီးပြည့်စုံမှုမရှိပါဘူး၊ တကယ်လို့ ဆုဖလားသာ ဗီရိုထဲကို ရောက်မလာဘူးဆိုရင် ပီအက်စ်ဂျီ၊ ချယ်လ်ဆီးနဲ့ မန်စီးတီးကို အနိုင်ရခဲ့တာတွေကို ဘယ်သူကမှ သတိရနေတော့မှာမဟုတ်ဘူး"

"လက်ရှိအချိန်မှာ ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးလ်က ကမ္ဘာ့အကောင်းဆုံးအသင်းတွေဖြစ်နေတာပါ၊ ပြီးတော့ သူတို့က ဗိုလ်လုပွဲနဲ့ ထိုက်တန်ပါတယ်၊ ကစားသမားတဦးချင်းစီနဲ့ အသင်းလိုက်ကစားပုံက ဘာအမှားမှကိုမရှိဘူး၊ လက်တွေ့ကျပြီးတော့ အသိဉာဏ်မြင့်မားမှုက အဓိကသော့ချက်လို့ ကျနော်ထင်တယ်" လို့ ကာဆီးလက်စ်က ပြောဆိုသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က