ဘာကာနဲ့အတူ ဖလား ၃လုံးယူမယ်လို့လည်း ဆိုပါတယ်။

ဘာစီလိုနာကစားသမားသစ် ကွင်းလယ်လူ ဂန်ဒိုဂန်က ရီးရဲလ်မက်ဒရစ်အနေနဲ့ ဘတ်ပီကို​ ခေါ်ယူခဲ့မယ်ဆိုရင်တောင်မှ သူတို့ ကြောက်နေမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ မန်စီးတီးနဲ့အတူ ဖလားသုံးလုံးဆွတ်ခူးနိုင်ခဲ့တဲ့ ဂန်ဒိုဂန်ဟာ ဘာစီလိုနာကို အလွတ်ပြောင်းရွှေ့ခဲ့ပြီး စပိန်လာလီဂါမှာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်သွားတော့မှာလည်း ဖြစ်ပါတယ်။ 

ဂန်ဒိုဂန်က "တကယ်လို့ ရီးရဲလ်မက်ဒရစ်က ဘတ်ပီကို ခေါ်ယူခဲ့မယ်ဆိုရင် ဒါက လိဂ်အတွက်တော့ ကောင်းမွန်ပါတယ်၊ ကျနော်တို့ စိုးရိမ်နေမှာမဟုတ်ပါဘူး၊ ကမ္ဘာပေါ်က ဘယ်အသင်းကိုမဆို ရင်ဆိုင်ဖို့ ကျနော်တို့က အသင့်ဖြစ်နေပါပြီ" လို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ 

ဒါ့အပြင် ဂန်ဒိုဂန်က မန်စီးတီးလို ချန်ပီယံလိဂ်ရရှိထားတဲ့ အသင်းက​နေထွက်ခွာပြီး ဘာစီလိုနာကို ပြောင်းရွှေ့လာရတာလဲဆိုတဲ့ မေးခွန်းကိုလည်း အခုလိုပဲ ပြောခဲ့ပါတယ်။ "အဲဒါက ဘာစီလိုနာဖြစ်နေလို့ပါ၊ ဘာစီလိုနာကို နိုး လို့ ဘယ်သူက ငြင်းနိုင်မှာလဲ၊ ဒီအသင်းက ကျနော်ကလေးဘ၀ကတည်းက ကစားချင်ခဲ့တဲ့ အသင်းပါ"

"စပိန်လာလီဂါ၊ ကိုပါဒယ်ရေးနဲ့ ချန်ပီယံလိဂ်ဖလားတွေကို ကျနော် ဘာစီလိုနာနဲ့အတူ ရယူသွားမှာပါ" လို့လည်း ပြောဆိုခဲ့ပါတယ်။ ဂန်ဒိုဂန်ကတော့ ဘာစီလိုနာအတွက် လက်ရှိမှာ တပွဲမှ မကစားထားရပေမယ့်လည်း သူ့ရဲ့ ပြောစကားတွေက အသင်းသစ်အတွက်တော့ ကျေနပ်စရာတွေ ကောင်းနေတာ အမှန်ပါပဲ။ ပြီးခဲ့တဲ့ရာသီကတော့ ဘာကာက စပိန်လာလီဂါဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 


Share

Loading Next Article...
က္က