အလွတ်ရမှာမို့ ကြိတ်ပျော်နေတဲ့ ပီရက်ဇ်တို့ စိတ်ညစ်သွားရပါပြီ။

ပီအက်စ်ဂျီကနေ ရီးရဲလ်မက်ဒရစ်ကို အလွတ်ပြောင်းရွှေ့ဖို့ ရှိနေတဲ့ တိုက်စစ်မှူးဘတ်ပီအတွက် လက်မှတ်ထိုးကြေးပေါင် ၁၂၅ သန်းအထိ ပေးဖို့ ကစားသမားရဲ့ မိခင်က တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။ Okdiario ရဲ့ သတင်းထောက် Edurdo Inda က  ဖော်ပြခဲ့တာဖြစ်ပြီး ဒါဟာ စပိန်ကလပ်အတွက်တော့ စဉ်းစားစရာဖြစ်လာခဲ့ပါပြီ။ 

ဘတ်ပီဟာ မိုနာကိုကနေ ပီအက်စ်ဂျီကို ပေါင် ၁၆၃ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အခု တောင်းဆိုလိုက်တဲ့ ပမာဏဟာ ၂၀၁၈ က သူ့ရဲ့ပြောင်းရွှေ့ကြေးနဲ့တော့ သိပ်ကွာဟတဲ့ ပမာဏမဟုတ်ပါဘူး။ ပီအက်စ်ဂျီက သူတို့ကစားသမားကို စာချုပ်သစ်ချုပ်ဆိုဖို့အတွက် အဆင်မပြေဖြစ်နေပြီး ရာသီကုန်မှာ အလွတ်နဲ့ လက်လွှတ်ရဖို့ရှိနေကာ ကြီးမားတဲ့နစ်နာမှုကို ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။

ဘတ်ပီရဲ့ လက်ရှိစျေးကွက်ပေါက်စျေးက အနည်းဆုံးယူရိုသန်း ၁၈၀ ရှိတယ်လို့ ယူဆရပြီး အသက်အရွယ်အရလည်း ငယ်ရွယ်သေးလို့ ရီးရဲလ်မက်ဒရစ်အတွက် ကြီးမားတဲ့အကျိုးအမြတ်ကို ခံစားရမှာဖြစ်ပါတယ်။ ဒါကိုအခွင့်ကောင်းယူကာ ဘတ်ပီရဲ့မိခင်က လက်မှတ်ထိုးကြေးသက်သက် ပေါင် ၁၂၅ သန်း တောင်းဆိုတာဖြစ်မယ်လို့လည်း ယူဆရပါတယ်။ 

ဘတ်ပီဟာ ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၂၆ ဂိုးအထိ သွင်းယူပေးထားခဲ့ပြီး အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ခြေစွမ်းပြနေတာပါ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ သူက ရီးရဲလ်မက်ဒရစ်နဲ့ အကြိုစာချုပ်ချုပ်ဆိုပြီးပြီလို့တောင် သတင်းတွေထွက်ပေါ်နေခဲ့ပြီး ဘာနေဗျူးကို နောက်ရာသီမှာ သေချာပေါက်ရောက်ရှိတော့မယ်လို့ သတင်းဌာနအများအပြားက ဖော်ပြခဲ့ကြပါတယ်။ 

Share

Loading Next Article...
က္က