ပလာတီနီက အမ်ဘာပေကို ချီးကျူးခဲ့တာပါ။

ကစားသမားဘဝမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို (၃) ကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့တဲ့ ပလာတီနီက အမ်ဘာပေဟာ ဘလွန်းဒီအော်ဆုကို အကြိမ်ပေါင်းများစွာ ဆွတ်ခူးနိုင်မယ့် အရည်အချင်းအားလုံးနဲ့ ပြည့်စုံနေတယ်လို့ဆိုပါတယ်။ အဆိုပါ ပြင်သစ်ကစားသမားကို ရီးရဲယ်မက်ဒရစ်ကလည်း ခေါ်ယူနိုင်ဖို့ အသည်းအသန် ကြိုးစားလျက်ရှိပါတယ်။



အမ်ဘာပေဟာ လျင်မြန်မှု၊ အဆုံးသတ်သေချာမှု၊ ကွင်းအတွင်း ကြိုးစားအားထုတ်မှုတွေကြောင့် တမဟုတ်ချင်း နာမည်ကျော်လာခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ ရော်နယ်ဒို၊ မက်ဆီတို့ ခေတ်လွန်မှာ အမ်ဘာပေနဲ့ ဟာလန်းတို့က ဘလွန်းဒီအော်ဆုအတွက် အပြိုင်အဆိုင် ဆွတ်ခူးနိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

အမ်ဘာပေဟာ ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ (၂၀၁၈) ကမ္ဘာ့ဖလားကိုလည်း ဆွတ်ခူးထားနိုင်ပါတယ်။ လာမယ့်နွေရာသီမှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် အမ်ဘာပေကို ခေါ်ယူဖို့ ရီးရဲယ်မက်ဒရစ်က အခြေအနေ ကောင်းနေပါတယ်။

ဒီလိုမျိုး အမ်ဘာပေနဲ့ ပတ်သက်လို့ ပလာတီနီက “ကျနော်တို့က (၁၅) နှစ်လောက်ကို အရာအားလုံး အောင်မြင်နိုင်တဲ့ ကစားသမားနှစ်ယောက်နဲ့အတူ ရှင်သန်ခွင့်ရခဲ့ပါတယ်။ (ရော်နယ်ဒိုနဲ့မက်ဆီကို ဆိုလိုသည်) အမ်ဘာပေကလည်း အနာဂတ်မှာ ထိပ်ဆုံးရောက်လာမယ့် အနေအထားကို ပိုင်ဆိုင်ထားပါတယ်"

“အနာဂတ်က သူ့ရှေ့မှာ၊ သူက အရာအားလုံးကို အနိုင်ယူနိုင်ပါတယ်။ လာမယ့်နှစ်တွေမှာ သူက အနာဂတ်ရဲ့ ထိပ်တန်းကြယ်ပွင့်ဖြစ်သင့်နေပါပြီ။ လက်ရှိအခိုက်အတန့်မှာ သူက ပြင်သစ်နိုင်ငံရဲ့ အကောင်းဆုံး ကစားသမားတယောက်ပါ။ ဘလွန်းဒီအော်ဆုကို အကြိမ်ပေါင်းများစွာ ရယူနိုင်ဖို့၊ အကောင်းဆုံးဖြစ်ဖို့ သူ့မှာ အရည်အချင်းအားလုံးရှိနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း အမ်ဘာပေအနေနဲ့ အောင်မြင်တဲ့ ကစားသမားတယောက်ဖြစ်ဖို့ဆိုရင် သူ့ရဲ့ အမူအကျင့်အချို့ကို ပြုပြင်ဖို့ လိုအပ်နေပါတယ်။ အမ်ဘာပေဟာ ဒီရာသီအတွင်း စိတ်ကြီးဝင်နေတယ်လို့ ဝေဖန်ခံနေရသလို ပြင်သစ်တို့ ယူရိုပြိုင်ပွဲမှာ ကျရှုံးခဲ့ချိန်ကလည်း ဝေဖန်မှုတွေနဲ့ ဆက်တိုက် ရင်ဆိုင်ခဲ့ရပါသေးတယ်။ 

Share

Loading Next Article...
က္က