ရောဂါရှာဖွေရေးအတွက် ဓာတ်ခွဲစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။

ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကုလားချောင်းကျောင်းရွာမှာ ဝက်တွေရောဂါဖြစ်ပွါးလျှက်ရှိပြီး တစ်ပတ်အတွင်းကို အကောင်ရေ (၂၀၀)နီးပါးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ (၁၃)ရက်ကနေ စပြီး ဝက်တွေသေဆုံးလျှက်ရှိရာ ဒီဇင်ဘာ (၂၀)ရက်နေ့အထိ ဝက်အကောင်ရေ (၂၀၀) နီးပါး သေဆုံးခဲ့တာပါ။

ဝက်တွေသေဆုံးရခြင်းနဲ့ပတ်သက်လို့ ဖြစ်ပွါးတဲ့ရောဂါကို မသိရှိရသေးဘဲ အခုလိုအကောင်ရေများကြီးသေဆုံးခဲ့တာကြောင့် ရွာသူ၊ရွာသားတွေအနေနဲ့ ဆုံးရှုံးမှုတွေများခဲ့တယ်လို့သိရပါတယ်။

“ များစွာဆုံးရှုံးတာပေါ့။ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး။ တစ်ရွာလုံးနီးပါးပဲ။ ဒီရွာကလူတွေက အိမ်တိုင်းနီးပါး ဝက်မွေးမြူရေးလုပ်ကိုင်ကြတော့ အားလုံးဆုံးရှုံးမှုများတာပေါ့ဗျာ”လို့ ရွာသားတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ဝက်တွေသေဆုံးမှုများသလို နာမကျန်းဖြစ်နေသေးတဲ့ ဝက်တွေလည်းရှိနေသေးတယ်လို့ သိရပါတယ်။

သေဆုံးခဲ့တဲ့ဝက်တွေကလည်း မသေခင်အစားမစားဘဲ ပါးစပ်ကအမြုပ်တွေထွက်ကာ ဖျားနာပြီး (၂)ရက်၊(၃)ရက်အတွင်းမှာပဲသေဆုံးသွားကြတယ်လို့ ဆိုပါတယ်။

လက်ရှိသေဆုံးခဲ့တဲ့ ဝက်အကောင်အရေအတွက် ရွာသူ၊ရွာသားတွေအနေနဲ့ ဆုံးရှုံးမှုစုစုပေါင်း သိန်း (၇၀၀)နီးပါးထိရှိပြီး ဝက်တစ်ကောင်ကို ၈ သိန်းလောက်တန်ကြေးရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဝက်တွေသေဆုံးရခြင်းနဲ့ပတ်သက်လို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌနာမှတာဝန်ရှိသူတွေအနေနနဲ့ ဓာတ်ခွဲစစ်ဆေးမှုတွေ ပြုလုပ်လျှက်ရှိနေပါတယ်။

သေဆုံးဝက်တွေကိုလည်း ရောင်းချခြင်းမပြုဘဲ မြေမြှုပ်ဖို့အတွက်ကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။


Share

Loading Next Article...
က္က