တနှစ်စာချုပ်ချုပ်ဆိုခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာ Esports အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Yangon Galacticos ဟာ 1Xbet နဲ့ လက်တွဲလိုက်ပြီလို့ ကြေညာလိုက်ပြီဖြစ်ပါတယ်။ YG ရဲ့ အဓိက Daim0nd Sponsor အဖြစ် 1Xbet က တစ်နှစ်သက်တမ်းရှိတဲ့ စာချုပ်ကိုချုပ်ဆိုခဲ့ပြီး လိုအပ်တဲ့ပံ့ပိုးမှုတွေကို ရရှိသွားမယ်လို့လည်း ဆိုပါတယ်။ 


၂၀၁၉ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ YG က အခုဆိုရင် Dota-2 ၊ PUBG Mobile နဲ့ League of Legends : Wild Rift အသင်းတွေကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ 1Xbet နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် ဒီအသင်းတွေအားလုံးက 1Xbet လိုဂိုပါ ဂျာစီတွေကို ဝတ်ဆင်သွားမှာဖြစ်ပြီး ဒီပူးပေါင်းမှုကတဆင့် ပရိသတ်တွေနဲ့တွေ့ဆုံမှုတွေ၊ Knowledge Sharing Session တွေကို ပြုလုပ်ပေးဖို့လည်း ရှိနေပါတယ်။

နောက်ပိုင်းမှာဆိုရင် ပြိုင်ပွဲတွေပါ ကျင်းပပေးဖို့အထိ ပြင်ဆင်ထားတယ်လို့ သိရပြီး နိုင်ငံတကာပြိုင်ပွဲတွေကို သွားရောက်ယှဉ်ပြိုင်ချိန်မှာ 1Xbet က ပံ့ပိုးပေးမယ့်အပြင် အသင်းစွမ်းဆောင်ရည်ပေါ်မူတည်ပြီး အပိုဆုကြေးတွေချီးမြှင့်သွားဖို့လည်း ရှိနေပါတယ်။ ကမ္ဘာကျော်Esports အဖွဲ့အစည်းတွေဖြစ်တဲ့ ESL ၊ Weplay တို့နဲ့လည်း 1Xbet က လက်တွဲထားတာကြောင့် မြန်မာအသင်းတသင်းအတွက် ဒါက အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ 


1Xbet နဲ့ လက်တွဲခွင့်ရတာကြောင့်လည်း YG က ဝမ်းမြောက်မိကြောင်းပြောဆိုထားပြီး အနာဂတ်မှာ အောင်မြင်မှုတွေ ပိုမိုရယူနိုင်စေဖို့အတွက်ပါ ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။ 

Share

က္က